”တိမ်တိုက်တွေပေါ်မှာ…ငါ”
ငယ်ငယ်တုန်းက
ရွေ့လျားပြေးလွှားနေတဲ့
တိမ်ပြာပြာတွေကို ခဏခဏငေးရင်း
ကလေးအတွေးတွေလည်း တွေးခဲ့ဖူးတယ်…
ပျော်စရာပေါ့
ငါက တိမ်တိုက်တွေကိုစီးရင်း
ကမ္ဘာအနှံ့ခြေဆန့်ကြီးပြင်းခဲ့ရတဲ့ နေ့ရက်တွေမှာ…
တခါတလေမှာ
စွန်ကလေးတကောင်ကို အမြင့်ဆုံးလွှတ်တင်လို့
ကောင်းကင်ကြီးကို အားပါးတရကြည့်ရင်း
ပျော်ရွှင်ခြင်းတွေကို
လေထဲပျံဝဲနေတဲ့ စွန်ကလေးနဲ့အတူခရီးလွှင့်
မျှော်လင့်ချက်တွေလည်း အမြင့်ဆုံးတနေရာမှာ
ချိတ်ဆွဲထားခဲ့ဖူးလေတယ်….
အခုတော့
ကောင်းကင်ကြီးကို မော့မကြည့်ဖြစ်တာတောင်
ဘယ်လောက်ကြာလို့ ကြာမှန်းမသိ
ပီတိစိတ်တွေကိုလည်း ကာလကမ်းပါးကတိုက်စား
မမြဲတဲ့တရားတွေထဲမှာ
မြဲတဲ့တရားတခုကို လက်ကိုင်ထားရင်း
ခရီးပြင်းနှင်နေတဲ့ လူတယောက်
အတွေးတွေကို ကဗျာတပုဒ်နဲ့ရောသောက်နေရပေါ့…
ဒီကနေ့တော့
ကောင်းကင်ကြီးကို အမှတ်တမဲ့မော့ကြည့်လို့
တိမ်တိုက်တွေကို မခို့တရို့ပြုံးပြလိုက်မိတယ်
ပြီးတော့မှ..
တိမ်တိုက်တချို့ပေါ်မှာ စိတ်အလုံးစုံကိုတင်ပြီး
အိမ်အပြန်ခရီးတခေါက်
အမေ့ဆီအရောက် ပြန်ခဲ့မိတယ်…။
Saturday, May 9, 2009
Posted by ဆောင်းယွန်းလ at 1:48 PM
Subscribe to:
Post Comments (Atom)
11 comments:
အမေ့ဆီအရောက်ပြန်သောခရီးတိုင်း
လှိုင်းကြမ်းများ ဝေး ပါစေ......
မနော်
တိမ်တိုက်တချို့ပေါ်မှာ စိတ်အလုံးစုံကိုတင်ပြီး
အိမ်အပြန်ခရီးတခေါက်
အမေ့ဆီအရောက် ပြန်ခဲ့မိတယ်…။
သားသမီးတွေ အားလုံးကိုယ်စားရေးလိုက် သလိုမို့ ကဗျာလေးကို ကြိုက်လိုက်တာ။
ဆင်ဆင်တူနေတယ် ကိုဆောင်း ။ အမေ့ ဆီတော့ ပြန်ချင်နေမိတာပဲဗျာ ။
အိမ်အပြန်ခရီးတစ်ခေါက် ကျွန်တော့်စိတ်တွေ ပြန်ရောက်လာခဲ့တယ်မေမေ..။
ပျော်စရာပေါ့
ငါက တိမ်တိုက်တွေကိုစီးရင်း
ကမ္ဘာအနှံ့ခြေဆန့်ကြီးပြင်းခဲ့ရတဲ့ နေ့ရက်တွေမှာ…
ကဗျာ ကောင်းတယ်ကိုဆောင်း။
အမေ့ဆီ
ကိုယ်တိုင်ပြန်ခွင့်ရမဲ့ ရက်တွေ
အမေ့ခြေအစုံကိုယ်တိုင်ဦးတိုက်ခွင့်ရမဲ့ ရက်တွေ
အမြန်ရောက်ပါစေ
ကိုဆောင်းယွန်း ရေ
တိမ်တိုက်တချို့ပေါ်မှာ စိတ်အလုံးစုံကိုတင်ပြီး
အိမ်အပြန်ခရီးတခေါက်
အမေ့ဆီအရောက် ပြန်ခဲ့မိတယ်…။
အမေက ပြုံးပြုံးကြီး..ကြိုနေရှာမှာပါ အကို
ကောင်းကင်လဲ အမေ့ဆီပြန်ချင်နေတယ် အကို
လူအလုံးစုံရောက်တဲ့နေ့ မြန်မြန်ရောက်ပါစေအစ်ကို
အမေ့နဲ့ အမြန်ဆုံး ဆုံစည်းနိုင်ပါစေ အစ်ကို
တိမ်တိုက်တချို့ပေါ်မှာ စိတ်အလုံးစုံကိုတင်ပြီး
အိမ်အပြန်ခရီးတခေါက်
အမေ့ဆီအရောက် ပြန်ခဲ့မိတယ်…။
ဒီနောက်ဆုံးအကြောင်းကတော့ ရင်ထဲကို နင့်ခနဲပဲ အစ်ကိုရေ...။
Post a Comment