Saturday, May 16, 2009

”စည်းအပြင်ဘက်မှာ”
မီးခိုးငွေ့တန်းတွေ
နီးလိုက် ဝေးလိုက်နဲ့
ဖမ်းဆုပ်ဖို့လည်း မကြိုးစားမိတော့ဘူး…

မျက်လုံးတစုံကို
မေ့ဆေးပေးထားလိုက်ပြီး
နားနှစ်ဖက်ကိုတော့
တောနက်နက်ထဲ ဖြန့်ကျဲထားလိုက်တယ်…

ရုပ်ပိုင်းဆိုင်ရာ နီးစပ်မှုတွေကို
စိတ်နဲ့အဆက်အသွယ်ဖြတ်
သစ်ပင်တွေကိုပဲ နားရွက်တပ်ပေးလိုက်တယ်..

စည်းအပြင်ဘက်မှာလည်း
လူဟာ လူပါပဲ
အသက်ရှုသံ ရစ်သမ်နဲနဲတော့လွဲတယ်..။

5 comments:

မယ့်ကိုး said...

ရုပ်ပိုင်းဆိုင်ရာ နီးစပ်မှုတွေကို
စိတ်နဲ့အဆက်အသွယ်ဖြတ်
သစ်ပင်တွေကိုပဲ နားရွက်တပ်ပေးလိုက်တယ်..

အတွေးလေးရော...စကားလုံးတွေပါ နှစ်သက်နေမိပါတယ်။
လတ်တလောစိတ်ခံစားမှုနဲ့ ပါ တိုက်ဆိုင်နေလို့ ...

ကိုရင်နော်ခင်လေးငယ် said...

မျက်လုံးတစုံကို
မေ့ဆေးပေးထားလိုက်ပြီး
နားနှစ်ဖက်ကိုတော့
တောနက်နက်ထဲ ဖြန့်ကျဲထားလိုက်တယ်…
တဲ့

ဒို့အစ်ကိုရေ..
စကားလုံးအဆန်းတွေက လန်းသွားစေတာ အမှန်ပါပဲ..
ကဗျာလေးကြိုက်တယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကောင်းကင်ပြာ said...

အကို့ ကဗျာတွေကတော့ အမြဲရင်ကိုထိတယ်၊

Unknown said...

သစ်ပင်တွေကို နားရွက်ပေးတပ်လိုက်ရင်...။ မလွတ်လပ်တဲ့ အသက်ရှူသံတွေကိုများ တစွန်းတစ ကြားသွားကြလေမလား...?

Mhu Darye said...

လာဖတ်ဖြစ်တယ် ကိုဆောင်း...
း)