Monday, May 25, 2009

”နာတာရှည်ရောဂါ”
ပါးစပ်ပါတိုင်း
ရွာမရောက်နိုင်ဘူး
စကားလုံးတွေအငွေ့ပျံသွားတာ
အံ့သြစရာသိပ်ကောင်းလေရဲ့
စိုထိုင်းနေမှုတွေတောင်
အရောင်တလက်လက်ထ
ငါ့ရဲ့သွေးတွေကို ဆူပွက်လာစေကြတယ်..

တကယ်ဆိုရင်
အဖြစ်သနစ်တွေက
ခြောက်သွေ့မသွားသင့်ဘူး
လုံလုံခြုံခြုံသိမ်းဆည်းတတ်မယ်ဆိုရင်
စိတ်ဓာတ်ဟာ
အမြင့်ဆုံးကောင်းကင်ထက်က
နတ်သဘင်မှာဆင်ယင်တဲ့ ကြယ်တာရာပေါ့...

အခုတော့
သွေ့ခြောက်နေမှုများ
နွေထောင်ပေါင်းများစွာထက် ခါးပြီး
ကန္တာရကတောင် လက်ဖျားခါလောက်တယ်
ဘယ်နေရာပဲကြည့်ကြည့်
မီးကျိုးမောင်းပျက် တကိုယ်ရေရမ္မက်တွေပြည့်နေတဲ့အခါ
ညဟာ..အလျားအနံပိုရှည်လာပြီး
အဖျားသွေးကြီးလာတဲ့ ဗိုင်းရပ်စ်လိုပဲ
စိတ်ကိုတဆစ်ဆစ် ကိုက်ခဲနွမ်းညစ်လာစေခဲ့ပေါ့
ဟောဒီမှာ
မွေးရာပါမဟုတ်ခဲ့လေတဲ့
နာတာရှည်ရောဂါတခု
ဆေးမြီးတိုနဲ့တော့ ကုလို့ရမှာမဟုတ်ဘူး...။

9 comments:

Anonymous said...

နာတာရှည်ရောဂါဆိုလို့
ရမ်းကုရင်ကောင်းမလားလို့
လာကြည့်တာ..း)
သေချာတယ်
ကုလို့မရတော့ဘူး
ိစိတ်လျှော့လိုက်...း)
mnhy

Moe Myint Tane said...

အဲဒီ့နာတာရှည်ရောဂါတွေနဲ့ဘဲ ဘ၀တွေလုံးပါးပါးခဲ့တာ ဘယ်နှကမ္ဘာရှိပြီလဲ အကိုရယ်..
စကားလုံးအင်အားတွေကောင်းသလို အကြောင်းအရာပိုင်းလေးလည်းကောင်းတယ်အကိုရေ။ ဖတ်ရတာ အရသာရှိတဲ့ ကဗျာကောင်းတစ်ပုဒ်ပါဘဲ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မယ့်ကိုး said...

လူတိုင်းမှာ ရှိတဲ့ နာတာရှည်ရောဂါ...
အနှစ်သာရလေးကို ကြိုက်လိုက်တာ...

စိတ်စမ်းရေ said...

ဘယ်နေရာပဲကြည့်ကြည့်
မီးကျိုးမောင်းပျက် တကိုယ်ရေရမ္မက်တွေပြည့်နေတဲ့အခါ
ဟုတ်တယ်အကို...နေရာတိုင်းမှာကို ပြည့်နေတာ...။

လင်းဒီပ said...

ဝဋ်နာကံနာပေါ့ဗျာ...။

Anonymous said...

ကိုဆောင်းရေ
ကဗျာတွေက ခံစားချက်အပြည့်နဲ့ ရေးလို့လားမသိဘူး၊ ထိတယ် ...ရင်ထဲကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက် ပြီးတော့ကို ထိတယ်၊ အားပေးလျှက်ပါ၊

ကဗျာဦး said...

ကဗျာတွေအရမ်းကောင်းတယ်
လင့်ထားပါရစေ

Maung Myo said...

ရောဂါ ပျောက်ချင်းပြီး ။

အိုင်လွယ်ပန် said...

တစ်နေ့ကျရင် ကိုယ့်သံပတ်တွေ ကိုယ်ကိုတိုင်
ဖြည်ချကြတာပေါ့ အစ်ကိုရေ ..........