Tuesday, June 16, 2009

”၂၀၀၉ခုနှစ်မှာဖွင့်ဖတ်မိတဲ့ ၈၇ဒိုင်ယာရီ”
တဘုန်းဘုန်းပြိုလဲကျခဲ့တာ
အရင်တခါတုန်းကနဲ့ပါဆိုရင်
အကြိမ်ပေါင်း တထောင့်ငါးရာ
ဝေါဟာရတခုမှာ ”မျက်စိမပါဘူး”တဲ့
ဒါကြောင့်ပဲနေမှာပေါ့….

နာရီကင်းမလက်မဲတွေက
ငါ့ကိုကျော်လိုကျော်ခွလိုခွရင်း
တိုတောင်းမှုစာရင်းဇယားထဲမှာ ရှည်လျား….

နာရီကင်းမလက်မဲတွေကို
ငါကဖြတ်တိုက်လိုတိုက်လျှောက်ရင်း
ရှည်လျားမှုစာရင်းဇယားထဲမှာ တိုတောင်း….

ခရီးမရောက်ခဲ့ဖူးတဲ့
ငါတို့ဆုံတွေ့မှု ဝေဝေဝါးဝါးတချို့ကို
စပျစ်ရည်တခွက်လိုမျိုး
အတိတ်တခုထဲက မိုးရာသီအထိ
ငါက…ချိုချိုမြိန်မြိန်သောက်ကြည့်ဖူးခဲ့ပါရဲ့….

ကောင်မလေးရေ….

တကယ်တော့
မင်းနဲ့ငါရဲ့တွေ့ဆုံမှုမှာ
ကွေကွဲခြင်းကို ကြေကွဲခြင်းနဲ့မြှောက်
စံပယ်ရုံလရိပ်အောက်က ဇာတ်လမ်းဟာ
ပိတ်ကားမှမဖွင့်ခင် အဆုံးသတ်စီရင်ခြင်းခံခဲ့ရတာမို့
ဘာကိုမှ ရက်စက်တယ်လို့မပြောချင်တော့ပါဘူး
ခုတော့လည်း..ငါ.. ရင့်ကျက်ခဲ့ပါပြီကွာ………။

10 comments:

ATN said...

ကင်းမလက်မဲတွေ ညှပ်ချလိုက်လို့ ပြတ်ကျသွားတဲ့ နှလုံးသားတခြမ်းကို တွေ့လိုက်မိတယ် ညီရေ့...

blar said...

good လှချည်လားတင်စားချက်တွေ

Anonymous said...

မင်းနဲ့ငါရဲ့တွေ့ဆုံမှုမှာ
ကွေကွဲခြင်းကို ကြေကွဲခြင်းနဲ့မြှောက်
စံပယ်ရုံလရိပ်အောက်က ဇာတ်လမ်းဟာ
ပိတ်ကားမှမဖွင့်ခင် အဆုံးသတ်စီရင်ခြင်းခံခဲ့ရတာမို့
ဘာကိုမှ ရက်စက်တယ်လို့မပြောချင်တော့ပါဘူး
ခုတော့လည်း..ငါ.. ရင့်ကျက်ခဲ့ပါပြီကွာ………။

ကောင်းတယ် ကြိုက်တယ် ဒီတစ်ပိုဒ်ကို
နောက်ပြီး နာရီနဲ့ ကင်းမလက်မဲ ချိတ်ဆက်သွားပုံလေးကို လဲ ကြိုက်မိတယ် အကိုရေ

အိုင်လွယ်ပန် said...

နောက်ဆုံးပိုဒ်လေး
လှတယ်အစ်ကိုရေ .....

မိုးစက်အိမ် said...

ဟုတ်တယ် အကိုေ၇ ညီလဲ နောက်ဆုံးပုဒ်
လေးတော်တော်ြ့ကိုက်တယ်...ကဗျာ
ကောင်းလေးဘဲဗျာ

Nyo Htet Nyo said...

နောက်ဆုံးအပိုဒ်တော်၂ကြိုက်တယ် အစ်ကိုရာ….အသံတွေတော့ တူကုန်ပြီ။ နောက်ထပ်ဒိုင်ယာရီတွေ မျှော်နေမယ်ဗျာ။

အိန္ဒြာ said...

စံပယ်ရုံလရိပ်အောက်က ဇာတ်လမ်းဟာ
ပိတ်ကားမှမဖွင့်ခင် အဆုံးသတ်စီရင်ခြင်းခံခဲ့ရတာမို့

ဖျတ်ကနဲ..ကြေကွဲ သွားလိုက်တာ အကိုရေ

Moe Cho Thinn said...

စပယ်ရုံ လရိပ်အောက်က ဇာတ်လမ်းလေးဟာ ကဗျာဖွဲ့လောက်အောင် ကဗျာဆန်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကြေကွဲ ၀မ်းနည်းမှုတွေသာ စွန်းပေခဲ့လေသလား မသိ။

မမသီရိ said...

၈၇ ရဲ့ အတိတ်လေး တူးဆွ ကြည့်သွားတယ်

မမသီရိ said...

အထပ်ထပ် ပြန်ဖတ်မိတယ်
..
ခရီးမရောက်ခဲ့ဖူးတဲ့
ငါတို့ဆုံတွေ့မှု ဝေဝေဝါးဝါးတချို့ကို
စပျစ်ရည်တခွက်လိုမျိုး
အတိတ်တခုထဲက မိုးရာသီအထိ
ငါက…ချိုချိုမြိန်မြိန်သောက်ကြည့်ဖူးခဲ့ပါရဲ့….
....
နူးညံ့ တဲ့ နှလုံးသားလေး
တွေ့ လိုက်တယ်

ရီးစား ဦး မြေးဦး ရတဲ့ထိ မမေ့နိုင်ဆိုတာလဲ
ပြေးသတိရလိုက်ရဲ့...း)

ရင့်ကျက်ခဲ့ပြီ ဆိုတော့ ကောင်းတာပေါ့
ကိုဆောင်းယွန်းရေ..