Wednesday, August 5, 2009

”အပြန်လမ်း”

ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့ ။

လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်းတိုးမိတိုက်မိ။

အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။

အားငယ်ရင်
ဒေါ်အောင်ဆန်းစုကြည်နာမည်
တကျော်ကျော်ခေါ်မြဲ။

လူကတော့ဘာမှမလှုပ်တတ်မရှားတတ်
ပြသနာမရှိဘူး
ရတယ်။

မပျော်ဘူးဆိုတဲ့ အဓိပ္ပာယ်က
ဒီမိုကရေစီရမှဖြစ်မယ်ဆိုတဲ့ အနက်ထွက်တယ်။

မနက်ဖြန်ဖြစ်ချင်လည်းဖြစ်မယ်။
အခုသီချင်းသံကြားနေတယ်မဟုတ်လား။
အလားတူပါပဲ
အူချင်တဲ့ ဝံပုလွေတွေအူကြပါစေ။
ရှေ့ ကိုနည်းနည်းဆက်လျှောက်လိုက်ရင်
မြားတစ်ဆုပ်ရလိမ့်မယ်။

ဘယ်တော့မှ
ကိုယ့်ကိုလမ်းပြနေတဲ့ ကြယ်ကိုပြန်မပစ်လေနဲ့ ။ ။

အောင်ဝေး
(ဇွန် ၈ ၊ ၂၀၀၉)
အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ် ဖော့ဝိန်းမြို့ရောက်မြန်မာပြည်သားများ စုပေါင်းထုတ်ဝေသည့် ဖူးပွင့်ဝေမဂ္ဂဇင်း အမှတ်စဉ် (၁) တွင်ဖော်ပြခဲ့သော
ဆရာအောင်ဝေး၏ကဗျာ

4 comments:

Anonymous said...

အဲ စာအုပ် ဖတ်ချင်တယ်...

mie nge

ဆောင်းယွန်းလ said...

လိပ်စာရရင်တော့ပို့ပေးလို့ရပါတယ်ခင်ဗျာ....
e-book လုပ်ဖို့အချိန်မရှိတဲ့အတွက် တအုပ်လုံးတင်မပေးနိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်
ကျေးဇူးတင်ပါတယ် me ngeရေ

kyalkalay said...

ကျနော်လဲအိမ်ပြန်ချင်တယ်
မပျော်ဘူး
သေချာတယ်ဒီကြယ်ပြတဲ့လမ်း
ဘယ်တော့မှမလွဲစေရဘူး

Anonymous said...

ကျမမေးလ်နဲ့ လိပ်စာပို့ပေးထားပါတယ်...စာအုပ်ဖိုးရော
ပို့ခပါ ကုန်ကျသလောက်ကို ပြောပါ..ချက်ပို့ပေးလိုက်ပါ့မယ်...ကျေးဇူးအထူးတင်ပါတယ်...ကိုဆောင်းယွန်းလ..အမြန်မလိုပါဘူး..အေး
ဆေးအချိန်ရမှ ပို့ပေးလို့ရပါတယ်...

mie nge