Sunday, August 9, 2009

”တိုင်းပြည်အသေရဲ့ဒုက္ခကို ထဲထဲဝင်ဝင်”ဝင်”ကြည့်ကြ”

လက်ခမောင်းခတ်နိုင်ဖို့တွက်
လက်မောင်းနီနီမှာ ဖယောင်းချက်တွေနဲ့ ”ပိတ်”
အသက်တချောင်းစီမှာ ”မရောင်းရ”စာတန်းချိတ်
တယောက်တနည်းစီတော့ ”အိပ်”နေကြတယ်….

ညတွေသာ ဟောင်းဟောင်းပြီးအမောဖက်
နေ့တွေသာ ညောင်းညောင်းပြီးအကြောတက်
စိတ်အပျက်ပြင်ဆိုင်ဟာ လူတိုင်းရဲ့တိုင်မှာ”မူး”ပြီးမှောက်
တယောက်တလမ်းစီတော့ ”ပျောက်”နေကြတယ်….

ကံကြမ္မာကိုချည့် လက်ညှိုးငေါက်ငေါက်ထိုးပြီး
ကိုယ့်မျက်လုံးကိုယ် ဆေးဆိုးဆိုးထားကြတော့
အမှောင်ပါးဝပြီး မှောင်လိုက်တာလို့ငြီးငြူဖို့ကအလွယ်ဆုံး
ပခုံးပေါ်ရောက်လာတဲ့ မျက်ရည်ယိုဗုံးမှန်သမျှကိုလွှတ်ချ
ကိုယ့်အတ္တပေါ်မှာကိုယ် ဇွတ်အပြေး”သန်”နေကြတယ်….

အတွေးအခေါ်အမြင်”မှန်”တွေက ရိုက်ခွဲခံနေရ
ပထွေးတော်ဆင်ကြံကြံနေသူတွေက ဗိုက်ရွှဲ”ဟန်”နေကြတော့
ကိုယ့်ဈာပနကိုယ် အမျှအတမ်းဝေဖို့တောင် ”ရေ”မရှိ….
တရက်မှာ ၂၄နာရီလုံး”သေ”ကြည့်နေရတဲ့ တိုင်းပြည်မှာ
လွဲနေတဲ့ ဆုံမှတ်ဇစ်တွေကို ”ဆွဲစေ့(စိ)”ဖို့အတွက်
ကွဲနေတဲ့ရင်ဘတ်အစစ်တွေထဲ လက်တွဲဝင်ကြည့်လိုက်ကြ……။

9 comments:

Anonymous said...

အသေတိုင်းပြည်ဒုက္ခထဲ ၀င်ကြည့်သွားပါတယ်...

mie nge

မယ့်ကိုး said...

အစ်ကိုရေ... စကားလုံးတိုင်းဟာ အားပါလို့  ကြိုက်မိပါတယ်။

ကံကြမ္မာကိုချည့် လက်ညှိုးငေါက်ငေါက်ထိုးပြီး
ကိုယ့်မျက်လုံးကိုယ် ဆေးဆိုးဆိုးထားကြတော့
အမှောင်ပါးဝပြီး မှောင်လိုက်တာလို့ငြီးငြူဖို့ကအလွယ်ဆုံး

ဒီစာပုဒ်လေးက တည့်တည့်မတ်မတ်ထိတော့ လူတောင် လွင့်သွားသလိုပါ။

မမသီရိ said...

ညတွေသာ ဟောင်းဟောင်းပြီးအမောဖက်
နေ့တွေသာ ညောင်းညောင်းပြီးအကြောတက်
စိတ်အပျက်ပြင်ဆိုင်ဟာ လူတိုင်းရဲ့တိုင်မှာ”မူး”ပြီးမှောက်
တယောက်တလမ်းစီတော့ ”ပျောက်”နေကြတယ်….
.........
ဖျောက်ခံထားရတဲ့လမ်းတွေက
ခရောင်းတွေနဲ့ ခြောက်သွေ့
ကြခတ်ဝါးရုံတွေဆီးနေသလို ဆူးတွေနဲ့ ပိတ်ပိတ်ကြီးဖြစ်လို့
အမောဖောက်နေတဲ့ အဲဒီညတွေကိုပဲ
အလင်းရောင်ရလေနိုးနဲ့ ဖက်တွယ်နေကြရတာပါပဲရှင်.

မြစ်ကျိုးအင်း said...

ပထွေးတော်ဆင်ကြံကြံနေသူတွေက ဗိုက်ရွှဲ”ဟန်”နေကြတော့

အကိုရေ အဲဒီစာသားလေးကပြောင်မြောက်လွန်းတယ်
ဗျာ....။ရှင်းခနဲကို မြင်ရတာပါပဲ...။ကျွန်တော်တို့လည်း ရင်ဘတ်အတူတူပါပဲ...လေးစားမိပါရဲ့...။

ကိုအောင် said...

ကိုဆောင်းရေ ကဗျာလာဖတ်သွားတယ် အကို၊ အားပေး
လျက်ပါ။

နှင်းဟေမာ said...

အစ်ကို ရေ ....
ကွဲနေတဲ့ ရင်ဘတ်အစစ်နဲ့ ကဗျာရဲ့ အနှစ်သာရလေးကို ခံစားသွားတယ်နော် ....။
ခင်မင်လေးစားတဲ့
ညီမလေး နှင်း

Kaung Kin Ko said...

အတွေးအခေါ်အမြင်”မှန်”တွေက ရိုက်ခွဲခံနေရ
ပထွေးတော်ဆင်ကြံကြံနေသူတွေက ဗိုက်ရွှဲ”ဟန်”နေကြတော့ ..ဟုတ်ပ အစ်ကိုရာ

ကဗျာကောင်းလိုက်တာ အကိုရာ။

မေ့သမီး said...

ငါ့အကို စကားလုံးတွေအရမ်းပြောင်မြောက်နေပါလား။ ဒီကဗျာအရမ်းကြိုက်သွားပြီ။ လူတိုင်းလမ်းပျောက်နေတာ တော့အမှန်ပဲ။

လင်းနေ said...

ကောင်းလိုက်တာဗျာ.....
"အတွေးအခေါ်အမြင်”မှန်”တွေက ရိုက်ခွဲခံနေရ
ပထွေးတော်ဆင်ကြံကြံနေသူတွေက ဗိုက်ရွှဲ”ဟန်”နေကြတော့"
မှတ်လိုက်လေ...အကိုရာ