Monday, September 28, 2009

ကိုချိုတူး ဆိုခိုင်းလို့ ကျနော်ဆိုညည်းနေကျ သီချင်းတွေ
သစ်ကောင်းအိမ်
ငယ်နာမည် ၀ဏ္ဍ

လူညံ့တွေနဲ့ အမဲလိုက်တမ်း မကစားဘူး
မိန်းမမြတ်တယောက်ကို ချစ်တတ်တယ်

သေခြင်းတရားနဲ့ လက်ထပ်ပြီး
သေရည်ပြင်းပြင်း ကြိုက်တယ်

စိတ်ရှည်ရှည်မထားနိုင်တဲ့ နှစ်တွေမှာ
ဆံပင်ရှည်ထားခဲ့သမျှ
ကိုယ့်တောစီးဖိနပ်ရဲ့ အမှတ်တံဆိပ်က တောင်တန်းများ
ကိုယ့်ဂျင်းဘောင်းဘီက လောကဓံရှစ်ပါးအာမခံ
ကဗျာက ငါ့နိုင်ငံတော်အလံ

တခါသုံးခေတ်ကြီးထဲမှာ
တခါသုံးအချစ်တွေရှိသလို
တခါသုံးငွေစက္ကူတွေကို ထုတ်ဝေသင့်တယ်

လူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့မလိုဘူး
အာဏာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လိုတယ်

တကယ်တော့
လွတ်လပ်ခြင်းဆိုတာလည်း
ကျယ်ဝန်းတယ် ...
သပ်ရပ်သန့်ရှင်းတယ် …

ဒါပေမယ့်
ဘုရားသခင်ရဲ့အကျဉ်းစခန်းတခုပဲမဟုတ်လား
မိုးကုတ်စက်ဝိုင်း
တံတိုင်းရှိရင်
ကောင်းကင်ကိုလည်း ငါမုန်းတယ်

ခုလို သစ်ရွက်ကြွေတဲ့ ရာသီထဲ
ငါ့လည်ကုပ်ပေါ်က မှဲ့နက်လေးရယ်
မင်းဘယ်ဆီ လွင့်ပါးသွားပြီလဲ

ဘယ်သူတက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။ ။

သစ်ကောင်းအိမ်
(၂၇၊ စက်တင်ဘာ၊ ၂၀၀၉)

ဒီကဗျာကို ကိုလွမ်းဆွေရဲ့ ဘလော့ http://drlunswe.blogspot.com/ မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။

11 comments:

MANORHARY said...

အော်..ဒါ ဒင်းဆိုတဲ့သီချင်း...
အသည်းကွဲသံတွေက .. စောင်းညင်းသံလိုး))
အမတစ်ယောက်အနေနဲ့တော့ နားကြားပြင်းကပ်တာ
အတော်ကြာပါပြီ ..အတော်သည်းခံနေရပါတယ်
ခုလောက်ပဲ တိုတိုတုတ်တုတ်ဆိုပြတဲ့အတွက်
ကျေးဇူးတင်လိုက်ပါ ကိုဆောင်းရေ ..

MANORHARY said...
This comment has been removed by the author.
လင်းဒီပ said...

နားထောင်လို့ကောင်းတယ်ဗျာ

မိန်းမမြတ်တစ်ယောက်ကို ချစ်တယ်ဆိုတာလေး ခိုက်တယ်..။

“ဘယ်သူတက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။”

ဘယ်သူ့တက်နင်းလိုက်မှန်းတော့မသိဘူး..ပြားသွားပြီဆိုတော့ ကျွန်တော်တို့လည်း ဒီလိုပဲ ငေးမျှော်ကြည့်ဖြစ်တယ်..။

တဂ်တဲ့ကိုဆောင်းကော...ရေးတဲ့ ကိုသစ်ကောင်းအိမ်ကော မင်္ဂလာပါဗျာ..။

မမသီရိ said...

မျိုးကျော့မြိုင်လဲ ဒီသီချင်းမျိုး ဆိုတယ် ထင်တယ်..


အသက်ဝင် လှပ တဲ့ တက်ဂ် ပို့စ်လေး

emayarKhin said...

ရေးတတ်လိုက်တာ...တကတည်း...:P

မယ့်ကိုး said...

ကိုလင်းဒီပက မိန်းမမြတ်တယောက်ကို ချစ်တတ်တယ်ဆိုတာ နှစ်သက်သလို အဲဒီစကားလေး ခိုက်တယ်။

တခါသုံးငွေစက္ကူတွေကို ထုတ်ဝေသင့်တယ်တဲ့လား။ =)

ပြန်မျှပေးတာ ကျေးဇူးပါ အစ်ကိုရေ။

Unknown said...

ခုလို သစ်ရွက်ကြွေတဲ့ ရာသီထဲ
ငါ့လည်ကုပ်ပေါ်က မှဲ့နက်လေးရယ်
မင်းဘယ်ဆီ လွင့်ပါးသွားပြီလဲ

မှဲ့နက်ကလေးကို လွမ်းဆွတ်နေတယ်ထင်ပ...
အသုံးလေးလှ ပါပေ့အကိုရေ...။

အိန္ဒြာ said...

မမ..

သေရည်ပြင်းပြင်းကြိုက်တာတဲ့
ဆံပင်ရှည်ရှည်ထားတဲ့
ပျော်ပျော်ရွှင်ရွှင်အသည်းကွဲနေတဲ့
ဗမာပြည်သားကဗျာဆရာတစ်ယောက်ရဲ့
မှည့်နက်ကလေး......ရေ

လိုက်လာပါ..အမေရိကားကို

( မမပြောသလို နားတွေညည်းလွန်း(အဲ)မျက်စိတွေညောင်းလွန်းလို့)

အိုင်လွယ်ပန် said...

ဘယ်သူတက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။ ။

ကိုသစ်ကောင်း ညည်းပြတဲ့သီချင်းက
နားထောင် ကောင်းချက် ....

Anonymous said...

ချိုတူး နဲ့ ဇော်ကြီး ရဲ့ ကဗျာတွေကို အမြဲ ဖတ်ရှု အားပေးနေပါတယ်..

အောင်ခိုင်မြင့်

Mhu Darye said...

ဘယ်သူတက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။ ။

good!