Thursday, October 8, 2009

”လွယ်လွယ်လေးကိုများ”

ဒီအက်ကြောင်းက တော်တော်ကြီးနေပြီ
အင်း…..သိတယ်ဗျ
ကျနော်လည်း ရုန်းရင်းကန်ရင်း ခုန်ပေါက်ရင်းကိုးဗျ
ဟောဗျာ…ပြောရင်းဆိုရင်း
လေသံက
အက်ကြောင်းထပ် ဓာတ်ပြားဟောင်းကြီှးဆီကိုပဲ
တန်းတန်းမတ်မတ် ဝင်သွားပြန်ပါပြီ…

ခက်ပါသကောဗျာ…
ကိုယ့်ကိုကိုယ် တုသလားစစ်သလားတော့
သေသေချာချာ ပြန်ဆန်းစစ်ဦးမှ
အက်ကြောင်းတွေထပ်နေတာကတော့ သေချာတယ်….

ဒီလိုပေါ့ဗျာ
ဘာသာဗေဒတူသူမရှိ
စကားပြောဖော်လူကမရှိဆိုတော့လည်း ပိုဆိုးတယ်ဗျ…

ဒါနဲ့
ခင်ဗျားနဲ့စကားပြောတဲ့ အကြောင်းကို
ကျနော် ဒီစာမျက်နှာပေါ်မှာ ချရေးလိုက်ရမလား
ဖြစ်တာသေချာတယ်နော်.
ခင်ဗျားပဲပြောတာ မွန်းကျပ်မှုတွေကို ဘေးချိတ်ပြီး
လူတွေကို လမ်းဘေးကဖေး ပေးမအိပ်ဖို့ဆိုတာ….

ကဲ…ခင်ဗျားဘက်ကသေချာပြီဆိုရင်
ကျနော် ကဗျာစရေးတော့မယ်
ခင်ဗျားက တိုက်တွန်းလို့သာ
ကျနော် ဒီကဗျာကိုရေးဖြစ်သွားခဲ့တာပါ
တကယ်တမ်းကျတော့..
ဒီကဗျာအတွက်
ကျနော့်မှာ ကုန်ကြမ်းတစက်မှ မရှိခဲ့ပါဘူး…

ဘာပဲဖြစ်ဖြစ်
အက်ကြောင်းတွေ တရစ်ပြီးတရစ်ထနေတဲ့
မွန်းကျပ်မှုတံတိုင်းကို ရိုက်ချိုးပြီး
အနာဂတ် ခရီးသစ်တခုထဲက
လက်တွေ့တံတားတခုဆီကို
ကိုယ်တိုင်လမ်းခင်းပြီး ကိုယ်တိုင်မောင်းနှင်ဖို့
ကျနော်..ဒီကဗျာကို မောင်းတင်ပြီးရေးလိုက်ပြီ သူငယ်ချင်းရေ..

အလာပ သလာပတွေကိုဖြုတ်လိုက်ချင်ရင်
အပေါ်အပိုဒ်တွေထဲက ကျနော်ရေးထားခဲ့တာတွေကို
မဖတ်ရင်မဖတ်နဲ့တော့…..ဖြစ်ပါတယ်…
ဒါပေမယ့် အပေါ်အပိုဒ်တွေကို
ခင်ဗျား.ဖတ်ပြီးပြီမဟုတ်လား
အဲဒါကိုပြောတာပေါ့..လွယ်လွယ်လေးပါဆိုတာ….

တကယ်တမ်း…
ကျနော် ခင်ဗျားကိုပြောပြချင်နေတာက…
ကျောင်းကို ဇရပ်ထင်တဲ့လူတွေနဲ့
ဝေးရာမှာနေရင်း
ကွေကွင်းရခြင်း သီချင်းကို
ပြောင်းပြန်လုပ်ဆိုကြည့်မိတဲ့အခါ
အတော်ကြာကြာ မပျော်ပိုက်လာခဲ့မိတဲ့စိတ်
ဒီတညမှာ
ဟောဒီကဗျာကြောင့်ပဲ
ကျနော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မိတော့မယ်ဆိုတာပါပဲ
ကဲ…ပြီးပါပြီ……
ဒီလောက်ပါပဲ သူငယ်ချင်းရေ
ကဗျာဖြစ်မဖြစ်တော့ ကျနော်လည်းမသိဘူးဗျ
ပျော်သလိုဖတ်ပြီး တော်သလိုသာမှတ်ပေတော့ဗျာ….။


သူငယ်ချင်းကြီးကိုကျော်သက်နဲ့စကားတွေပြောပြီး ရေးဖြစ်သွားတာပါ။

11 comments:

မမသီရိ said...

ကဗျာဖြစ်ပါတယ် ကိုဆောင်းယွန်းရ
ဖြစ်စဉ်ဖွဲ့ စကားပြော ကဗျာ ရှည်ကြီးပေါ့

အိပ်မက်လှလှ မက်ပါစေ ..း)

ခေါင်ခေါင် said...

စကားပြောဖြစ်ရင်းနဲ့
ကဗျာဖြစ်သွားတာပဲ လား... ဦးဆောင်းရေ...

လေးစားပါတယ်..
အမြဲသတိရနေတယ်...

emayarKhin said...

ပျော်သလိုလဲဖတ်သွားတယ်..
တော်သလိုလဲမှတ်သွားပါတယ်..
အကိုရေ.....

မယ့်ကိုး said...

စကားပြောတာတောင် စကားလုံးတွေ လန်းနေတာ ...
ရေးဟန်လေးနဲ့ စပ်မိတော့ တော်တော် မိုက်တယ် အစ်ကိုရေ

ဖိုးမောင်(happycloud) said...

အကိုရေ.... အကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပေမယ့်...
ကျနော်တော့ ဖတ်ရင်း အိပ်မပျော်ဖြစ်သွားတယ်ဗျ....

က+ဗျာ+လှည်း said...

ကဗျာ ဖြစ်ပါတယ်...။ ပျော်သလိုဖတ်ပြီး တော်သလိုမှတ် သွားပါတယ်ဗျာ။

ပျော်ရွှင် အဆင်ပြေပါစေ ကိုဆောင်ယွန်း

အိုင်လွယ်ပန် said...

ယူသွားပုံတွေ လှတယ်ဗျ ...
ကောင်းသောညပါ အစ်ကို ... ။။

ကျော်သက် said...

အပျော်ဖတ်စာ၊ကဗျာမဟုတ်တာသေချာပါတယ်
ဆောင်ယွန်းလအတုအစစ်ဆိုတာကိုထုဆစ်ကြည့်လိုက်မိတယ်
အဖုအထစ်တွေရှိသွားခဲ့ရင်လဲငြိသွားတဲ့ကဗျာတပုဒ်နဲ့ကျေနပ်လိုက်ပေါ့၊
အဲဒါကြောင့်ပြောတာဆောင်းယွန်းလအတွက်
မခဲယဉ်းပါဘူး၊လွယ်တယ်မဟုတ်လား၊
အိပ်မပျော်တဲ့ညတွေလဲများလှပြီညယ်၊

Anonymous said...

အကိုရေ ကဗျာစပ်သွားပုံက အတုယူစရာပါပဲလားဗျ မိုက်တယ်

ဒူကဘာ said...

အေးလေ... နောက်တွေ့ရင် စကားပြောလေး ဘာလေး ဆင်ခြင်ဦးမှ မတော်.. ကဗျာထဲ ထည့်ရေးနေလို့။

မိုးစက်အိမ် said...

မွန်းကျပ်မှုတွေကို ဘေးချိတ်ပြီး
လူတွေကို လမ်းဘေးကဖေး ပေးမအိပ်ဖို့ဆိုတာ….

လုံးဝ မိုက်တယ် အစ်ကို ဒီစာသားက .... စကားပြောကဗျာ
လို.တောင် ပြောရမလိုကိုကောင်းတယ် အစ်ကိုရေ