”ဖိနပ်တရံနဲ့ ကော်ဖီတခွက်ရဲ့ရာဇဝင်”
အကြမ်းမဖက်ဆန့်ကျင်သူတို့ရဲ့ ဆန္ဒအမှန်ကို
ဖိနပ်တရံနဲ့ အမြင့်မားဆုံးဖော်ထုတ်နိုင်ခဲ့ကြတယ်…
ကလော်တုတ်တာကို ရိုင်းတယ်လို့ဆိုရင်
တတိုင်းပြည်လုံးကို မှောက်လိုမှောက်လှန်လိုလှန်အုပ်ချုပ်
အာဏာသေနတ်နဲ့ဗိုလ်လုပ်နေသူတွေက ယဉ်ကျေးတာလား..
အကြမ်းမဖက်ဆန့်ကျင်သူတွေရဲ့ ဆန္ဒအမှန်ကို
ကော်ဖီပူတခွက်နဲ့ အမြင့်မားဆုံးဖော်ထုတ်နိုင်ခဲ့ကြတယ်….
အော်ဆဲတာကို ရိုင်းတယ်လို့ စွပ်စွဲရင်
တနိုင်ငံလုံးကို လက်ဝါးကြီးအုပ်
ကိုယ်ထင်ရာကိုယ်လုပ်နေသူတွေက ယဉ်ကျေးတာလား…
သေနတ်ရှိသူတွေက သေနတ်ကိုင်ပြီးမဟုတ်တာလုပ်ရင်
ပါးစပ်ရှိသူတွေက စကားလုံးနဲ့ဖောက်ခွဲပြီး ဟုတ်တာကိုပြောမယ်….
မှန်ခြင်းမှားခြင်းကို အများကဆုံးဖြတ်မှရတာပါ…
အာဏာပိုင်သူတွေက လက်နက်ကိုင်ပြီးအနိုင်ကျင့်ရင်
အာဏာလက်မဲ့ ကော်ဖီပူတခွက်ကိုကိုင်နိုင်တဲ့သူက
သူ့လက်ထဲကကော်ဖီခွက်နဲ့ သူ့ဆန္ဒကိုဖွင့်လှပ်ပြတာ ရိုင်းသွားသလား……
တရားတယ်မတရားဘူးဆိုတာကို အများကဆုံးဖြတ်မှရတာပါ….
အာဏာရှင်တွေကိုပစ်ပေါက်လိုက်တဲ့ ဖိနပ်တရံထဲမှာ
မြန်မာပြည်သူလူထုတရပ်လုံးရဲ့ မကျေနပ်မှုတွေထည့်ထားသလို….
အာဏာရှင်တွေကိုပစ်ပေါက်လိုက်တဲ့ ကော်ဖီခွက်ထဲမှာ
မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ပေါက်ကွဲမှုတွေပါတယ်….
မှားသလား မှန်သလား
ရိုင်းသလား ယဉ်ကျေးသလားဆိုတာကို တိုင်းတာဖို့ ပေတံဟာ
အာဏာရှင်တွေလက်ထဲမှာကိုင်ထားတဲ့ ကျည်ဆံနဲ့သေနတ်မဟုတ်ဘူး
ပြည်သူလူထုနှလုံးသားကထွက်ကျလာမယ့် ပြည်တန်တဲ့စကားပဲဖြစ်တယ်….
ဖိနပ်တရံနဲ့ ကော်ဖီတခွက်ရဲ့ရာဇဝင်ဟာ စာတွင်အောင်ထင်ရှားတယ်…
ဒါဟာ….
ဖိနှိပ်ခံရသူများရဲ့ သေရာပါဒဏ်ရာအမှတ်အသားများကို
တရားနည်းလမ်းတကျ ဖောက်ခွဲပြလိုက်တဲ့ သင်္ကေတတခုသာဖြစ်တယ်….….။
ဒီဇင်ဘာ မိုး
1 month ago
9 comments:
စကားလုံးတွေကတော့
အားအင်အပြည့်မာန်အပြည့်ပါပဲ....
သိပ်မှန်တာပေါ့ အစ်ကိုရာ
စီတူ ..... သိပ်ကောင်းတယ်ဗျာ။ တခါတရံဒါလေတွေ ဒီလိုလုပ်ပါအုံး.....
(မငယ် အိမ်ကိုလာလည်အုံး)
လေးစားစွာဖြင့်
ကျော်နိုင်
ကောင်းလိုက်တာ။ဒါအမှန်တ၇ားဘဲ။
ကဗျာလာဖတ်သွားတယ် ကိုဆောင်း၊ အားပေးလျက်။
ဖိနပ်ယူသွားပြီနော် :)
အားတိုင်းလာဖတ်နေတာ ခုမှပဲ ကွန်မန့်ရေးဖြစ်တော့တယ် ...
အရင်က မရေးတတ်လို့လေ ...
ခုတော့ ကွန်မန့်ပေးတတ်တွားပီ
စိတ်ထဲရှိတဲ့အတိုင်းပြောရရင် ကဗျာတွေ အရမ်းကြိုက်တယ်
ကိုဆောင်းရေ ကျနော်လဲ အဲ့လိုပဲမြင်ပါတယ်
အဲ တခုပေါ့..လက်နက်ကိုင်တော်လှန်ရေး အောင်မြင်
အောင်မလုပ်နိုင်ခဲ့တော့ ဖိနပ်ကိုင်တော်လှန်ရေးဆက်
လုပ်ရတဲ့ ဂီဆောင်ကျောင်း တွေကို ထောက်ခံရမှာပေါ့ဗျာ
ကဗျာ...လာဖတ်တယ်..း)
ဒီကဗျာ ကြိုက်တယ် ကိုဆောင်းယွန်း ... အားပေးလျက် ...
mie nge
Post a Comment