Thursday, November 12, 2009

”အမေ့ကိုလွမ်းလို့ ဆိုမိတဲ့သီချင်း”
တနေ့နေ့ဆိုတာ
တရွေ့ရွေ့လွင့်ပါးသွားလာနေတတ်တဲ့
တိမ်မှုန်တိမ်မွှားတွေလိုပဲလား…

တချိန်ချိန်ဆိုတာ
အကြိမ်ကြိမ် မျှော်ရွတ်နေရသလောက်
အိမ်ရှေ့တံခါးကို တချက်တလေမှမခေါက်တဲ့
သူစိမ်းဆန်ဆန် ဧည့်သည်တယောက်လိုပဲလား…

တမြေ့မြေ့ကျွမ်းသွားတဲ့
တငွေ့ငွေ့အလွမ်းများပေါ်မှာ
ဓားခင်းပြီးမှ လမ်းသလားမိသူ
ဟောဒီ.ဌာနေငတ်နေသူရဲ့ ရင်ဘတ်ထဲ
တဖြုတ်ဖြုတ်ကြွေတဲ့ ကြယ်တွေ
ဘယ်သူကူလို့ ကြိုးနဲ့သီမှာတုန်း…..

နေခြည်နဲ့ ယက်ဖောက်ထားတဲ့
အမေ့နှလုံးသားအဝတ်ဟောင်းလေးကို
ပြန်လည်ဝတ်ဆင်ရဖို့အတွက်
နှင်းစက်တွေကို တဆောင်းလုံးကျောပိုး
မိုးစက်ရေမှုန်တွေကို တမိုးလုံးစောင်လိုခြုံပြီး
တောမီးကို တနွေလုံးတိုးခဲ့ရသူမှာ
ခုချိန်ထိ………………………
ကံကြမ္မာကျောက်သားထက်
ဘဝကို ဇောင်းထက်အောင်သွေးနေရတုန်းပဲ အမေ….။

18 comments:

ဒဏ္ဍာရီ said...

အဝေးရောက်နေတဲ့ သူတိုင်း အမေ့ရင်ခွင်ကို တမ်းတနေကြရတာပါ အကိုရေ ... ဘယ်နေရာမှာပဲ နေနေ အမေ့ရင်ခွင်ရှိတဲ့ နေရာဟာ အေးမြတဲ့ အိပ်ဂေဟာလေးပါပဲ။

နေခြည်နဲ့ ယက်ဖောက်ထားတဲ့
အမေ့နှလုံးသားအဝတ်ဟောင်းလေးကို
ပြန်လည်ဝတ်ဆင်ရဖို့အတွက်
နှင်းစက်တွေကို တဆောင်းလုံးကျောပိုး
မိုးစက်ရေမှုန်တွေကို တမိုးလုံးစောင်လိုခြုံပြီး
တောမီးကို တနွေလုံးတိုးခဲ့ရသူမှာ
ခုချိန်ထိ………………………
ကံကြမ္မာကျောက်သားထက်
ဘဝကို ဇောင်းထက်အောင်သွေးနေရတုန်းပဲ အမေ….။

ဒီနောက်ဆုံး အပိုဒ်လေးက ကဗျာ တပုဒ်လုံးကို တွန့်ပို့ပေးသွားတယ်နော်။ ပျော်ရွှင်ပါစေ အကို...။

ခင်မင်လေးစားလျှက်

ကိုချစ်ဖေ said...

ကိုချိုတူးရေ.တောမီးကို တနွေလုံး တိုးနေရတာ ကျနော်
တို့ပဲသိတယ်ဗျာ.ခင်ဗျားက များများလည်း ထမ်းထားရတဲ့သူပါ. ကျနော်တို့ လူမျိုးတွေ မိသားစု ထမင်းလက်ဆုံစားပွဲတွေ ဘယ်တော့မှ စကြရမှာလဲဗျာ.

မြစ်ကျိုးအင်း said...

အမေ့ကို လွမ်းတယ်အကိုရေ

ကဗျာဖတ်ပြီးတော့ ပိုပြီး လွမ်းသွားမိတာအမှန်ပဲ။

ဒီည အမေ့ဆီ ဖုန်းဆက်မယ်။

အချစ်မဲ့ဂစ်တာ said...

ကဗျာလေးကိုဖတ်ရတော့ အမေ့ကို သတိရသွားတယ်...
တကယ်ကိုပဲ ဇောင်းထက်အောင် သွေးနေကြတာပဲမဟုတ်လား...

ဗညားရှိန် said...

တမြေ့မြေ့ကျွမ်းသွားတဲ့
တငွေ့ငွေ့အလွမ်းများပေါ်မှာ
ဓားခင်းပြီးမှ လမ်းသလားမိသူ
ဟောဒီ.ဌာနေငတ်နေသူရဲ့ ရင်ဘတ်ထဲ
တဖြုတ်ဖြုတ်ကြွေတဲ့ ကြယ်တွေ
ဘယ်သူကူလို့ ကြိုးနဲ့သီမှာတုန်း…..

ထိတယ်ဗျာ

ကံကြမ္မာကျောက်သားထက်
ဘဝကို ဇောင်းထက်အောင်သွေးနေရတုန်းပဲ အမေ…

ပိုပြီးတော့ ခံစားလိုက်ရတယ်

အိုင်လွယ်ပန် said...

အောက်ဆုံးအပိုဒ်လေး
နင့်နင့်နဲနဲ နဲ့ လှတယ် အစ်ကို ...။။

Mg Thounnja said...

ကျွန်တော်လည်းအမေ့ကိုလွမ်းတယ်ဗျာ

ကဗျာဦး said...

နေခြည်နဲ့ ယက်ဖောက်ထားတဲ့
အမေ့နှလုံးသားအဝတ်ဟောင်းလေးကို
ပြန်လည်ဝတ်ဆင်ရဖို့အတွက်
နှင်းစက်တွေကို တဆောင်းလုံးကျောပိုး
မိုးစက်ရေမှုန်တွေကို တမိုးလုံးစောင်လိုခြုံပြီး
တောမီးကို တနွေလုံးတိုးခဲ့ရသူမှာ
ခုချိန်ထိ………………………
ကံကြမ္မာကျောက်သားထက်
ဘဝကို ဇောင်းထက်အောင်သွေးနေရတုန်းပဲ အမေ….။

ခံစားရတယ်ရှင်

မနန်း said...

တမြေ့မြေ့ကျွမ်းသွားတဲ့
တငွေ့ငွေ့အလွမ်းများပေါ်မှာ
ဓားခင်းပြီးမှ လမ်းသလားမိသူ
ဟောဒီ.ဌာနေငတ်နေသူရဲ့ ရင်ဘတ်ထဲ
တဖြုတ်ဖြုတ်ကြွေတဲ့ ကြယ်တွေ
ဘယ်သူကူလို့ ကြိုးနဲ့သီမှာတုန်း…..

ကဗျာတွေတအားကောင်းတယ်
လင့်ထားခွင့်ပြုပါကဗျာဆရာရှင့်

ကဗျာဦး said...

ခုချိန်ထိ………………………
ကံကြမ္မာကျောက်သားထက်
ဘဝကို ဇောင်းထက်အောင်သွေးနေရတုန်းပဲ အမေ….။

ကောင်းလွန်းလို့ ထပ်လာဖတ်တယ်

Sai Laung Main Thet said...

ရေလည်ကောင်းတယ်ဗျာ
လှလိုက်တဲ့စကားလုံးတွေ

မောင်နွေသစ် said...

အကိုရေ...အမေကိုလွမ်းတဲ့သားတစ်ယောက်ရဲ့
ခံစားချက်ကို သိမြင်သွားစေပါတယ်....
ကဗျာလေးလှသလောက်ကောင်းတယ်ဗျာ...။

ကျော်သက် said...

ကဗျာထဲကစကားလုံးတွေအရမ်းကောင်းနေပါလား

မိုးစက်အိမ် said...

အဆုံးသတ် အပိုဒ်လေး တော်တော်နုလှပြီး
ခံစားအားကောင်းပါတယ် . . . အနွေးထွေးဆုံးဟာ
အမေ့ အိမ်ပါဘဲ အစ်ကိုရေ . . .

ဖြူ said...

ဒီကဗျာကိုဖတ်ပြီးတော့ ခုထက်ထိ စိတ်မချနိုင်သေးဘူး ... လို့ ပြောနေဆဲဖြစ်တဲ့ အမေ့ကို လွမ်းတယ်။ အမေ့အတွက် ခုထက်ထိ ဘာမှ မယ်မယ်ရရလုပ်မပေးနိုင်သေးတဲ့အတွက်လဲ ၀မ်းနည်းမိပါတယ်။ ကဗျာရဲ့ စာသားတွေက ရင်ထဲကို နင့်သွားအောင် ရေးတတ်လှချည်လား ကိုဆောင်းယွန်းရယ်။

Nge Naing said...

မင်္ဂလာပါ။ လာဖတ်သွားပါတယ်။ သိပ်မညည်းနဲ့နော့်။ အမေစိတ်ညစ်သွားမယ်။

မေ said...

အကို.ကဗျာတွေကသိပ်ကောင်းမှန်းသိပေမဲ. အမေ့ကဗျာ
လေးဖတ်ရတာစိတ်မကောင်းလိုက်တာအကိုရယ်..
မားမားသာာရှိနေခဲ့ရင်ဒီကဗျာလေးကိုဖတ်ပြမိမှာပဲ..
ဒီ့ထက်လှတဲ.ကဗျာလေးတွေကိုဖန်ဆင်းနိုင်ပါစေ..

ကဗျာလှည်းလေး said...

ကဗျာဖတ်ပြီး နင့်သွားတယ်အကို။

လာပါအကို တဖြုတ်ဖြုတ်ကြွေတဲ့ ကြယ်တွေ ပြန်သီရအောင်။

အဆင်ပြေပျော်ရွှင်ပါစေ။