Saturday, February 13, 2010

”သီချင်းနဲ့ချစ်သူ”

သီချင်းမရှိတဲ့ ဘဝဟာ
အလင်းမရှိတဲ့ ညလိုပါပဲ…

ဒီလိုပဲ
မင်းမရှိတဲ့ ငါ့မှာ
သီချင်းမရှိတဲ့ ဘဝနဲ့
အလင်းမရှိတဲ့ ညရဲ့
မဆုံးတဲ့ ကမ္ဘာတခုကို
မရေမရာနဲ့ ဇဝေဇဝါလှည့်ပတ်နေရသလိုပါပဲ…

သီချင်းတွေ ငိုနေတဲ့ညဟာ
ငါ့အတွက်တော့
အလင်းနေညိုတဲ့ ဘဝတခုပါပဲ…

ဒီလိုပဲ
မင်းမျက်ရည် တစက်ကျတိုင်း
ငါ့ရင်ခွင်တံတိုင်းကို
ကန္တာရမုန်တိုင်းကြီးတခုက ဝါးမြိုချသလိုပါပဲ….

ချစ်သူရေ
တကယ်တော့..
ငါ့သီချင်းဟာ မင်းကိုယ်တိုင်ဖြစ်သလို
မင်းကိုယ်တိုင်ဟာလည်း ငါ့သီချင်းပါပဲ…

တကယ်ဆို…
ငါ့ရဲ့ အလင်းမဲ့ညနဲ့ ဘဝက
သီချင်းနဲ့ ချစ်သူ ထွေးကူဖေးမမှ
အဖြူရောင် အနွေးဓာတ်ကိုရမှာပါ…..

ငါ့ရဲ့ ကြိုးပြတ်ဂီတလို ဘဝကို
သံစဉ်တွေအဖြစ် ထုံးဆက်လို့
မင်းရဲ့အချစ်နဲ့ ညှိယူတီးခတ်ပါ….

ငါ့ရဲ့ ခြောက်သွေ့လွန်းတဲ့ စာမျက်နှာကို
တေးသားတွေအဖြစ် သီကုံးလို့
မင်းရဲ့ အကြင်နာနဲ့ မွန်းမံချယ်မှုန်းပါ ချစ်သူ…..

ပြီးတော့…ငါမပိုင်တဲ့
ငါ့ရဲ့ သုံးပါးသော ရာသီဥတုကို
အနွေးထွေးဆုံးသော
သံစဉ် တေးသားတွေအဖြစ်ဖန်ဆင်းပြီး
မင်းရဲ့ အဆုံးမဲ့ချစ်ခြင်းများနဲ့
ငါ့ကို အဖန်ဖန်အခါခါသီဆိုလှည့်ပါချစ်သူ……။ ။

ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး။ သူများတွေက အင်တာနက်ကြီးသုံးသုံးပြီး
ချစ်တတ်ကြလွန်းလို့ ကျနော်လည်း ချစ်သူများနေ့အမှီ ရုတ်တရက် ကောက်ခါ
ငင်ခါ ချစ်ကြည့်မိတာပါ။
ချစ်သူများနေ့နဲ့အပြိုင် ချစ်သူများချစ်နိုင်ကြပါစေ ပျော်နိုင်ကြပါစေသော်ဝ်။

12 comments:

Anonymous said...

ဟီး ဟီး ကို အောင် က ဗျာ အောက် က နောက် ဆုံး ရေး သွား တာ ဖတ် ပြီး သ ဘော ကျ မိတယ် ...
ချစ် သူ များ နေ့ မှ မ ဟုတ် ပါ ဘူး .. ချစ် သူ များ နေ့ တိုင်း ချစ် နေနိုင် ရင် တော့ အကောင်း ဆုံး မဟုတ် ဖူး လား ....

mie nge

~ဏီလင်းညို~ said...

ကိုဆောင်းရေ...
ညီကဗျာလေးလာဖတ်တယ်....။
ခါတိုင်းလိုပဲ....
အခေါက်ခေါက်ပြန်ဖတ်ကြည့်နေမိရင်း.... မော်နီတာကိုငေးနေမိခဲ့တယ်....။
“ချစ်သူရေ
တကယ်တော့..
ငါ့သီချင်းဟာ မင်းကိုယ်တိုင်ဖြစ်သလို
မင်းကိုယ်တိုင်ဟာလည်း ငါ့သီချင်းပါပဲ”…
ဆိုတဲ့ နေရာလေးကိုထပ်ခါထပ်ခါ ဖတ်ကြည့်ရင်း....စိတ်ထဲမှာ............
ခင်မင်လေးစားနေတဲ့ ညီ....
ဏီလင်းညို

Anonymous said...

အ ပေါ် မှာ ကို အောင်( ပျု နိုင် ငံ ) ဘ လော့ ဖတ် ပြီး ခါ စ ကို ဆောင် ယွန်း ဆီ က မန်း က တမ်း နဲ့ က မန့် ၀င် ရေး ခဲ့ တာ မို့ ကို အောင် လို့ မှား ရေး မိ သွားး တဲ့ အ တွက် ဆော ရီး ပါ ....

mie nge

ဒဏ္ဍာရီ said...

ရုတ်တရက် ချစ်ကြည့်တဲ့ ကဗျာတောင် ဒီလောက်ကောင်းနေရင် အကယ်များ အသေချာ ချစ်ရင်တော့ တို့အကိုလောက် ချစ်တတ်မယ့်သူ ရှိမယ်မထင်။း)

အကို့ကဗျာလေးထဲက
ငါ့ရဲ့ ကြိုးပြတ်ဂီတလို ဘဝကို
သံစဉ်တွေအဖြစ် ထုံးဆက်လို့
မင်းရဲ့အချစ်နဲ့ ညှိယူတီးခတ်ပါ….

ဒီအပိုဒ်လေး ကြိုက်တယ်။

ခင်မင်လေးစားလျှက်

ကိုချစ်ဖေ said...

ကျနော်ကတော့ ချစ်သူမများခဲ့တော့ ချစ်သူများနေ့ကို ချစ်သူများလို မနေ့နိုင်ဘူး.ဖြစ်နေတယ်ဗျာ

မြစ်ကျိုးအင်း said...

အချစ်တွေ အချစ်တွေ ဒီနေ့ ပလူပျံနေတယ်

ချစ်ကိုရေ အဝေးကပဲ ငေးလိုက်တော့တယ်
ဟဲဟဲ

ဒီလို နုနုညံ့ညံ့ရေးထားတော့လည်း ထိထိရှရှပါပဲ

Flower said...

ရုတ်တရက်ချစ်ကြည့်တဲ့ကဗျာက
တစ်သက်လုံးချစ်ကြတဲ့အချစ်က အရှုံးပေးရမယ် ထင်ပါတယ်..
အချစ်တွေနဲ့ပြည့်နေတယ်..
ဖတ်ရတာကောင်းပါတယ်ရှင်..

Unknown said...

တကယ်ပဲ ဘယ်နားသွားသွားလွတ်နိုင်ဘူး... ချစ်ပဲချစ်နိုင်ကြတယ်.. တကတဲ လျှောင်ချင်ပါတယ်ဆိုမှ တည့်တည့်တိုးနေတယ်.. ချစ်သူမရှိပါဘူးဆို အစ်ကို့ကဗျာလေးဖတ်မိတော့ ဘယ်သူ့ကို ချစ်ချင်တာလိုလိုတွေဖြစ်ရော.. အဲ့ဒါအစ်ကိုမှာတာဝန်ရှိတယ်ဗျ.. ဘာလို့အဲလောက်ကောင်းအောင်ရေးရတာတုန်း

နွေဆူးလင်္ကာ said...

ငှက်တွေဟာ တစ်သက်လုံး သီချင်းတစ်ပုဒ်တည်းကိုပဲ ထပ်ကာတလဲလဲ ဆိုကြတယ် .. ငါ့ ဘဝရဲ့ တစ်ပုဒ်တည်းသော သီချင်းက မင်းပါပဲ...
မင်းခိုက်စိုးစန်

လိုင် said...

အချစ်အကြောင်းပဲရေးနေကြတယ်နော်
စကားမစပ် အစ်ကိုကကဗျာဆရာ အဆိုတော်လား

Nge Naing said...

ချစ်သူများနေ့မှာ သူများကို ပျော်အောင် ဆုတောင်းပေးပြီး ကိုယ်တိုင်က မပျော်တဲ့ လေသံနဲ့ ဘယ်ကချစ်သူအတွက် ရေးထားတာလဲ။

ကျော်သက် said...

အငှားချစ်လား၊အမှားချစ်လား
ဝါးဝါးလေးချစ်တာလား
ကြင်ယာပျက်မဲ့အင်တာနက်အချစ်ကို
စိတ်ဝင်တစားရှိသွားတာလား
ဘာဘဲဖြစ်ဖြစ်ချစ်တာဘဲကောင်းပါတယ်