”ကြိုးဝိုင်းထဲမှာ..ဇာတ်ကနာတယ်”
ကြမ္မာရထားဘီးက
ဘဝသံလမ်းများနဲ့ လွဲချော်တိမ်းပါးနေလို့
အိပ်မက်ကြိုးဝိုင်းထဲ စိမ်ပြေးတမ်းကစားနေရတုန်းပဲ...
တိမ်လွှာစီးပြီး ထွက်ခဲ့ရတဲ့ ခရီးမဟုတ်တော့
ရေကြည်ရာတပေါက် ကမ်းကပျောက်နေသေးသလို
မြက်နူရာတကွေ့ လမ်းကိုလည်းမတွေ့နိုင်ခဲ့သေးဘူး...
မနက် မနက်တွေမှာ
အသက်မပါတဲ့ အပြုံးအိုအပေါက်အပြဲတွေထဲ
သောကကို တစစီလှီးခွဲထည့်ရင်း
ဂွဒ်မောနင်းကို တွင်တွင်ပြောရတာလည်း မောလှပြီ…
အဲဒီလို မနက်တွေဆို
ငှက်ကလေးတွေက ဖာသိဖာသာသီချင်းကို ဆိုလို့…
ညနေ ညနေတွေမှာ
ခပ်ထွေထွေ စိတ်ရောင်စုံကို ထုပ်ပိုးလို့
ဇနီးမယားနဲ့ သမီးသားဖို့ ဘာမျှမပါ
လက်ချည်းဗလာ ဂွဒ်နိုက်နဲ့သာ ချည်တိုင်ရှာရပြန်ပေါ့...
အဲဒီလို ညနေတွေဆို
ငါတို့တတွေက ”ဘဝသံသရာ”တေးကို ဆိုလို့…
တကယ်တော့..ငါတို့ဟာ
မိုးရာသီတွေကို ထွန်ယက်ရင်း
ဆောင်းနှင်းတွေကို စိုက်ပျိုးနေပါလျက်က
နွေနေကိုသာ အခါခါရိတ်သိမ်း
ဇာတ်နာအောင် မျက်ရည်လိမ်းနေကြရသူတွေရဲ့ ဘဝတွေလို..။ ။
Wednesday, June 9, 2010
Posted by ဆောင်းယွန်းလ at 6:21 PM
Subscribe to:
Post Comments (Atom)
11 comments:
အကိုပြောတဲ့ အိပ်မက်ကြိုးဝိုင်းထဲ စိမ်ပြေးတမ်းကစားနေရ
တုန်းပါပဲ..
ကဗျာတပုဒ်လုံးကိုအထပ်ထပ်ဖတ်ဖြစ်ခဲ့ပါတယ်အကိုရေ..
ပျော်ရွှင်ပါစေ....
ခင်တဲ့
ညီမသဒ္ဓါ
မနက် မနက်တွေမှာ
အသက်မပါတဲ့ အပြုံးအိုအပေါက်အပြဲတွေထဲ
သောကကို တစစီလှီးခွဲထည့်ရင်း
ဂွဒ်မောနင်းကို တွင်တွင်ပြောရတာလည်း မောလှပြီ
ကဗျာလေးထဲက ဝေဒနာတွေကို ခံစားလိုက်ရပါတယ်..
တကယ့်ကို ထိရှစေတဲ့ ကဗျာတစ်ပုဒ်ပါဘဲ အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
နွေနေကိုသာ အခါခါရိတ်သိမ်း
ဇာတ်နာအောင် မျက်ရည်လိမ်းနေကြရသူတွေရဲ့ ဘဝတွေ....
ဟုတ်ကဲ့ ဇာတ်ကတော့ တကယ်နာပါတယ်။
အကိုရေ.. ကြိုးဝိုင်းအပြင်မှာလည်း ဇာတ်နာနေတယ်...
ကဗျာလေး အရမ်းကောင်းတာပဲ...
မနက် မနက်တွေမှာ
အသက်မပါတဲ့ အပြုံးအိုအပေါက်အပြဲတွေထဲ
သောကကို တစစီလှီးခွဲထည့်ရင်း
ဂွဒ်မောနင်းကို တွင်တွင်ပြောရတာလည်း မောလှပြီ…
အရမ်းကြိုက်လွန်းလို့ ဘလော့က ဆိုဒ်ဘားမှာတင်လိုက်တယ် ။
ဒီကဗျာနဲ့ ဒီနေ့အထိတော်တော်နာသွားပြီ။ ရင်ထဲကို ကွက်တိမှန်တာပဲ အကိုဆောင်းရေ။
လှပတဲ့အတွေးများနဲ့
ကဗျာပေါင်းများစွာ
ရေးသားနိုင်ပါစေ။
ကိုခိုင်
မိုက်တယ်ဗျာ
ဟိုကြော်ငြာလိုပေါ့ ဒါမှတကယ့်ကော်ဖီ စစ်စစ် အရသာ ပရီမီယာ အဲ မှားကုန်ပြီ
ဘာပဲဖြစ်ဖြစ် မနက်ခင်းတစ်ခုမှာ ကော်ဖွက်တစ်ခွက်နဲ့ ဒီကဗျာကိုဖတ်ပြီး လူတွေရဲ့မျက်နှာကို စိမ်ပြေနပြေ ထိုင်ကြည့်ချင်စိတ်တောင်ဖြစ်မိရဲ့ တကယ်တကယ်
ကိုဆောင်းရေ......
ညီတော့...........ဒီကဗျာလေးဖတ်ပြီး.....ဘာဖြစ်သွားမှန်းမသိဘူးဗျာ......။
(မျက်ရည်တောင် ၀ဲချင်မိတယ်.......)
ခင်မင်ခြင်းအားဖြင့်...........
ဏီလင်းညို
အကိုကြီးရေ
ကဗျာအသစ်မတွေ့တာ ကြာပါပကော...
Post a Comment