Friday, August 20, 2010

”တရွေ့ရွေ့ဆိုရင်...တနေ့နေ့ကိုလည်းမြင်နိုင်တယ်”

အချိန်တွေပြုန်းတီးသွားခဲ့ရတဲ့ လမ်းမမှာ
ရောင်စုံစိတ်ကူးတွေက တလက်လက်တရှရှ...

မိုးမဆုံး မြေမဆုံးတော့တဲ့ အသုံးအနှုန်းခံတပ်ကြီးထဲက
ကျည်ဆံတွေလို တသည်းသည်းရွာကျလာတဲ့ စကားလုံးးတွေက
လေထဲ တွဲခိုပျံဝဲနေကြသလို
မြေကမ္ဘာအနှံ့ ရွှဲစိုပြန့်ကျဲနေကြတော့တယ်...

အလစ်အငိုက်ဆို လေစိမ်းတွေတဟူးဟူးတိုက်တယ်....

တခါတခါ..နတ်သူရူးတွေရဲ့အလိုတော်ကျ လက်သီးရိုင်းတွေက
မှောင်မှောင်မည်းမည်းထဲက ဓားသွေးပြတတ်ကြတယ်...

တချို့ကပြောတော့လည်း...
မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့..

ကျနော်တို့တတွေ...
ပြီးတော့...ခင်ဗျားတို့ကိုယ်တိုင်
ယဉ်ကျေးမှုတံခါးရွက်တွေကို အရိုးသားဆုံးနည်းနဲ့ တွန်းဖွင့်နိုင်ဖို့အတွက်
တမနက်လောက် ခက်ခက်ခဲခဲ ကြိုးစားကြည့်ခဲ့ကြဖူးသလား....
.
ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားသလိုမျိုး
တချက်ပစ်ရင် တယောက်မကသေတဲ့ ခေတ်ကြီးထဲမှာ
ရှင်သန်နေရမှုက ကောင်းဘွိုင်ကားတွေထဲက ဇာတ်ရံသာသာပါပဲ...

ခေတ်မီတိုးတက်လှတဲ့
တက်ကနိုလိုဂျီရဲ့ တန်ခိုးအာနူဘော်တွေအောက်မှာ
ကမ္ဘာဟာ တဖြေးဖြေးကျဉ်းမြောင်းလာခဲ့ပေမယ့်
တည့်တည့်မလျှောက်မချင်းတော့ ဘယ်ကိုမှမရောက်နိုင်ဘူး....

မိစ္ဆာလူရိုင်းတွေ အတ္တနဲ့ဒုန်းစိုင်းနေကြတဲ့ လမ်းမမှာတော့
မုန်တိုင်းက တဝုန်းဝုန်းတဒိုင်းဒိုင်း ခါးကိုင်းအောင်တိုက်နေခဲ့ဦးမှာပဲ...။ ။

9 comments:

ရီမိုးပြည့်  said...

အစ်ကိုရေ...
မုန်တိုင်းဒဏ်ခံနိုင်အောင်တော့ ကြိုးစားရအုံးမှာပေါ့...
မရောက်ကြာပြီမလို့ အလည်ရောက်ပါတယ် အစ်ကို..

ကိုအောင်(ပျူနိုင်ငံ) said...

မုန်တိုင်းပြီးရင်တော့ ရာသီဥတုတွေ ပြန် ကြည်လင်လာမယ် ထင်တာပဲ အကိုရေ။

ဆည်းဆာသံစဉ် said...

ခေတ်မီတိုးတက်လှတဲ့
တက်ကနိုလိုဂျီရဲ့ တန်ခိုးအာနူဘော်တွေအောက်မှာ
ကမ္ဘာဟာ တဖြေးဖြေးကျဉ်းမြောင်းလာခဲ့ပေမယ့်
တည့်တည့်မလျှောက်မချင်းတော့ ဘယ်ကိုမှမရောက်နိုင်ဘူး....

မိစ္ဆာလူရိုင်းတွေ အတ္တနဲ့ဒုန်းစိုင်းနေကြတဲ့ လမ်းမမှာတော့
မုန်တိုင်းက တဝုန်းဝုန်းတဒိုင်းဒိုင်း ခါးကိုင်းအောင်တိုက်နေခဲ့ဦးမှာပဲ...။ ။


"ရောက်လာတယ် အကိုရေ...ဒီကဗျာတော့ တော်တော်ခိုက်တယ်ဗျာ..အထူးသဖြင့် အပေါ်က ညီ..ကော်ပီလုပ်ထားတဲ့ စာသားလေးတွေ ပိုကြိုက်တယ် ။ ဖတ်ကြည့်ပြီး ကြက်သိန်းတောင်ထတယ်ဗျာ ..။ အကိုပျော်ရွှင်ပါစေ...။ လေးစားခင်မင်လျှက်..

***ဝေမင်း***

naylynnhtoon said...

ကဗျာဝါသနာဟာ မိုးခါးရေသောက်သလိုပဲလားအစ်ကို...
ဝါသနာတူသူခြင်းတွေ့ထိမိတ်ဖွဲ့ အပြင်မှာလင်းလက်ခွင့်မရတဲ့
ညနေကြယ်တွေ....
ဘယ်တော့မှတော့ နေကွယ်ဖို့တော့ဆုမတောင်းဘူး
ကိုယ့်အလင်း ... သူများမမြင်လည်း ကြယ်ဟာကြယ်ပဲ
ရင်ကွဲပုံခြင်းမတူလို့ လင်းလက်ပုံခြင်းမတူရင်နေ
ကျတော်တို့ ဒဏ်ရာတွေမှာ ကိုယ်ပိုင်အရောင်တွေရှိနေတယ်...
ဒီယုံကြည်မှုအတွက် ကောင်းကင်တစ်ခုရှိနေမယ်...
ဒါ...ကျတော့ရဲ့ သက်ဆုံးတိုင်ယုံကြည်မှု။

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာအကိုရေ

ယဉ်ကျေးမှုတံခါးရွက်တွေကို အရိုးသားဆုံးနည်းနဲ့ တွန်းဖွင့်နိုင်ဖို့အတွက်
တမနက်လောက် ခက်ခက်ခဲခဲ ကြိုးစားကြည့်ခဲ့ကြဖူးသလား...

အဲ့ဒီစာသားလေးကိုအကြိုက်ဆုံးပဲ ..

သက်အောင်(ကလောင်တိုက်ပွဲ)

p.s မွေးနေ့ဆုတောင်းအတွက်ကျေးဇူးပဲနော်အကို ။

လင်းဒီပ said...

ဟုတ်တယ် အစ်ကို ခေတ်ကြီးက ဘယ်လောက်မြန်မြန် တည့်တည့် မလျှောက်ကြရင်တော့ ဘယ်တော့မှ မရောက်နိုင်ဘူး ။

~ဏီလင်းညို~ said...

ကိုဆောင်းရေ့......

ကဗျာလေးလာဖတ်တယ်အစ်ကို...။
“တချက်ပစ်ရင် တယောက်မကသေတဲ့ ခေတ်ကြီးထဲမှာ”..........တဲ့လားဗျာ.....။
ဖတ်ရင်း....... တွေးရင်းနဲ့ပဲ..........။

ခင်မင်လေးစားခြင်းအားဖြင့်.....
ညီ...
ဏီလင်းညို

ကိုခိုင် said...

ကဗျာဆရာကြီး
သေသေချာချာဖတ်သွားခဲ့ပါတယ်။
ကျန်းမာပါစေ။

ကိုခိုင်

ဝေလင်း said...

အစ်ကို့ကဗျာတွေက စကားလုံးအားမာန်ပါတယ်။ ကျွန်တော့်ကဗျာတွေ ကျွန်တော်ပြန်ဖတ်ကြည့်ရင် အဲလောက် အားမပါဘူး..