Thursday, September 22, 2011

"ခေါင်းစဉ်ပျောက်နေတဲ့ ခေါင်းစဉ်"

ခေတ်အဆက်ဆက် ကျွန်သက်ရှည်ဖို့အတွက်
လက်မောင်းကောင်းရုံသက်သက်နဲ့တောင် မလုံလောက်တော့ဘူး...

တဘဝစာမကလေတဲ့ အမျှတွေ
မျှဝေဖို့အတွက်
ဘယ်ရွေ့ ဘယ်မျှ ဘယ်နှစ်ရက် ဘယ်နှစ်သက်
ရေတွက်ဖို့ လက်တွေလည်း အခက်ပွေခဲ့ရပြီ....

ဇွတ်ချစ်မိခဲ့လေသမျှဟာ
ဇွတ်အနှစ်ခံရဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဇာတ်သိမ်းဖို့အတွက်လား....

မျက်စိကိုစုံမှိတ် ယုံကြည်ခြင်းတွေအိပ်နေကြရင်း
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းလည်း ပျောက်ခဲ့ပြီ
ကိုယ့်လှေကိုယ်ထိုး ပဲခူးလည်း ကျိုးခဲ့ပြီ.....

ဖွတ်မရ ဓားမပါဆုံးနေရတဲ့ ဘဝမျိုးအတွက်
မျက်ရည်စက်တွေလည်း ပတ်စာခွာ ဖျာသိမ်းခဲ့ရပြီ.....

တဖက်လပ်နေတဲ့ ညတွေအတွက်တော့
တလုံးကန်း အကောင်းမြင်တွေမလိုသလို
စုံလုံးကန်း အဆိုးမြင်တွေလည်းမလိုဘူး
အတည့်ကြည့်တတ်တဲ့ လက်ဖြောင့်တပ်သားတွေများများလိုတယ်....

လောလောဆယ်မှာတော့
အားလုံးဟာ စောင်းငမ်း ကောင်းခန်းတွေပျောက်နေတုန်းပါပဲ....။ ။

2 comments:

Anonymous said...

စောင်းစောင်းသာပြန်ကြည့်လိုက်.... တည့်သွားပါလိမ့်မယ်။း) အတွေးခပ်မြင့်မြင့် ကဗျာလေး ဖတ်ရှုခံစားသွားပါတယ်။


ခင်တဲ့
မေသိမ့်

zue said...

ကောင်းခန်းတွေ ပျောက်နေတုန်းပါပဲ...း)
ကဗျာလေး အားပေးသွားတယ် အကိုရေ..