"""""' စိတ်ကူးကိုကျော်ပြီးမှ မြို့ရောက်နိုင်တယ် "
စိတ်ကူးထားတဲ့ အနာဂတ်ကို ထိုင်ကြည့်ဖို့အတွက်
အတိတ်အိပ်မက်ကို လက်မှတ်မဖြတ်ခဲ့ရသေးလို့.....
ရိက္ခာမဝတဲ့ အတိတ်ကာလရဲ့
မီးတောက်နေတဲ့ ခေါင်းထဲမှာ
ခရီးမပေါက်တဲ့ ခေါင်းတွဲကို ဆဲရေးတိုင်းထွာနေခဲ့မိသလို
ထီးပျောက်နေတဲ့ မိုးကိုလည်း သူခိုးလို့စွပ်စွဲနေခဲ့မိတယ်...
ပစ္စုပ္ပန်မှာ
ကမ္ဘာဟာ ရွာသာသာပဲ ကျန်တယ်ဆိုပေမယ့်
ဇာတိနဲ့ ခြေဦးမတည့်ခဲ့တဲ့ သက္ကရာဇ်တွေမှာ
ဘဝကို ခက်ဆစ်ဖွဲ့ဖို့ ခက်ခဲခဲ့သလို
အရင်လိုနက်နဲတဲ့ အားအင်တွေက
ပါးပြင်ပေါ်ကနေ ဇရာရဲ့သင်္ကေတအဖြစ်နဲ့ ကွာကျခဲ့ရတယ်...
အလံဖြူထောင်ထားတဲ့ အရပ်မှာ
နေဝင်တာကို ထိုင်ကြည့်ချင်မိသူရဲ့ စိတ်ကူးဟာ
ကမ္ဘာထက်ကျယ်သလို ပင်လယ်ထက်လည်း နက်ရှိုင်းခဲ့ပါတယ်...
ဝါကျမဆုံးခင်အထိတော့
မင်နီကြက်ခြေခတ်တွေနဲ့...ငါဟာ..
မြို့ကိုတည်ဆောက် လမ်းဖောက်နေရဦးမှာပဲ...
လမ်းဆုံးမှာ
မြို့ဟာ သူ့အဘိဓမ္မာနဲ့သူပေါ့..။ ။
Friday, August 31, 2012
Posted by ဆောင်းယွန်းလ at 11:20 AM
Subscribe to:
Post Comments (Atom)
3 comments:
ခရီးမပေါက်တဲ့ ခေါင်းတွဲကို ဆဲရေးတိုင်းထွာနေခဲ့မိသလို
ထီးပျောက်နေတဲ့ မိုးကိုလည်း သူခိုးလို့စွပ်စွဲနေခဲ့မိတယ်...
:)
ဖတ်ပြီး ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးလိုက်မိတယ် အကို . .
ခင်မင်စွာဖြင့်
ဗညားရှိန်
စကားလုံးတိုင်းဟာ အဓိပါယ် အပြည့်ပါလား..အကိုတော်..ကဗျာလှလှလေးမဟုတ်ပေ
မဲ့ ကဗျာလှလှလေး တစ်ပုဒ်ထက် ကဗျာအရသာ ပေးစွမ်းနိုင်တယ်...အားပေးသွားတယ်
အကိုတော်..လေးစားလျက်ပါ
ခင်တဲ့ ..မိုးနတ်..
How to proceed When You'll need Denver Mp3 Video Service
Feel free to surf to my blog: dipper
Post a Comment