Monday, August 18, 2008

”ရှုံးနိမ့်ခဲ့လေသူ”
ကိုယ့်ရဲ့နှလုံးသားမှာပန်းတစ်ပွင့်ကိုစိုက်
ပြီးတော့…
အဲဒီပန်းပွင့်ကိုဘဲမင်းကအပြီးပြန်သိမ်းပိုက်ရက်လေခဲ့…

ပေါ့ပေါ့လေးချစ်စကားပြောတတ်ပြီး
ပေါ့ပေါ့လေးတွေးတတ်သူရဲ့မာယာပင်လယ်ထဲမှာ
ခဏတဖြုတ်နစ်မြောသွားတာတောင်မှ
ရခဲ့မိတဲ့အနာကမကျက်သေးဘူး
နှလုံးသားမှာဆူးစူးသလိုနာကျင်ခံခက်
မင်းရက်စက်ခဲ့တယ်လို့လည်းမစွပ်စွဲချင်တော့ဘူး
ကိုယ်သာရုးမိုက်စွာရှုံးနိမ့်ခဲ့ရသူပါ…

ကိုယ်ဟာ…
ဘာမြူဒါတြိဂံထဲမှာလမ်းပျောက်သွားသူလိုမျိုး
ကိုယ်ဟာ..
မုသားကဗျာတစ်ပုဒ်ကိုဖတ်ခဲ့ရသူလိုမျိုး
ကိုယ့်ရဲ့နာရီတွေအားလုံးလည်းခိုးယူခံခဲ့ရ…

နေ့ညမရှိတော့တဲ့ကိုယ့်ရဲ့ဘ၀မှာ
မင်းမျက်နှာကိုကဗျာဖတ်ခဲ့ဖူးတဲ့အချိန်တွေကိုလည်းပြန်မတမ်းတချင်တော့
ခေါင်းလည်းမမော့ချင်တော့ဘူး..မင်းမျက်နှာကိုမော်ဖူးဖို့
ခေါင်းလည်းမငုံ့ချင်တော့ဘူး..ရူးသွပ်စွာနဲ့မင်းပါးပြင်ကိုနမ်းရှိုက်ဖို့…..

မေ့ဆေးမပါဘဲ အစိမ်းလိုက်အခွဲခံခဲ့ရတဲ့အသည်း
ရဲရဲနီစရာသွေးလည်းမရှိတော့
မင်းမော့သောက်သွားတဲ့ကိုယ့်ရဲ့နှလုံးသွေးတွေထဲမှာ
အချစ်ရဲ့ဆဲလ်တွေအကုန်ပါသွားခဲ့လေပြီ
မမြင်ကွယ်ရာမှာမင်းခေါင်းမော့ပြီးရယ်ရင်လည်းရယ်နိုင်တယ်
တကယ်တော့…ကိုယ်သာရှုံးနိမ့်ခဲ့သူပါကွယ်….

3 comments:

chaos said...

အစ်ကို မဘလော့တာ ကြာပီနော်
ပြန်ရေးတော့လဲ ရှုံးနိမ့်လေသူတဲ့
အစ်ကို စိတ်ညစ်နေတယ်ထင်တယ်
အဆင်ပြေပါစေနော်

ကောင်းကင်ကို said...

ကဗျာလေး ဖတ်ပြီး ကြေကွဲသွားတယ် အစ်ကို

မသက်ဇင် said...

ဘာတွေများ ရှုံးနိမ့်နေတာလဲ ကိုဆောင်းရေ။
မတော်တဆ တွေ့လို့ မေးလိုက်တိုင်းလည်း အလုပ်တွေပိနေတယ် ပြောတယ်။ မသက်ဇင်
ဘလောဂ့် ဆိုတဲ့ အိမ်ပြင်နေလို့ မရောက် တာ ကြာပြီ။ အနုပညာတွေ ဖေါ်ထုတ်ပါ အုံးနော်။
မသက်ဇင်ရဲ့ ကဗျာလေးတပုဒ်လည်း လာမြည်း
ပါအုံး။