Saturday, January 24, 2009

”ဆယ်စုနှစ်နှစ်ခုစာအတွေးများဆီမှ နောက်ဆယ်စုနှစ်နှစ်ခုစာဆီသို့….”
ဆူဆူညံညံဂီတသံလိုထည့်ထားတဲ့ ဆဲလ်ဖုန်းထဲကဖုန်းခေါ်သံကြားလို့ ဖုန်းကိုကောက်ကိုင်
လိုက်ရင်း ဧရိယာကုဒ်ကိုကြည့်လိုက်တော့ ကိုယ့်မြို့ကမဟုတ်ဘဲ တခြားမြို့တစ်မြို့ကတစ်
ယောက်ယောက်ကဖုန်းခေါ်နေတာမှန်းသိလိုက်ရတယ်။ ဖုန်းထဲမှာတစ်ဖက်လူကစကားစ
ပြောပြောချင်းဘဲ ကိုယ်ကကိုယ့်ကိုဖုန်းဆက်တဲ့သူဘယ်သူဘယ်ဝါဆိုတာကွဲကွဲပြားပြား
သိလိုက်ပါတယ်။ ကိုယ့်ထက်အသက်
တစ်နှစ်နှစ်နှစ်လောက်ကြီးတဲ့ တောခိုရဲဘော်ရဲဘက်ဟောင်းသူငယ်ချင်းအမကြီးတစ်ယောက်
ကဖုန်းထဲကနေ ”ဟဲ့…..နင်ကပုသိမ်ကမဟုတ်လား!”တဲ့..”ဟုတ်တယ်လေ မ…..ရယ် ကျနော်
၁၀တန်းအောင်တော့ရန်ကုန်ကနေ ပုသိမ်ကိုပြောင်းသွားပြီးဟိုမှာဘဲကျောင်းတက်ခဲ့တယ်လေ
အရေးအခင်းမဖြစ်ခင်အထိဆိုတော့ ၂နှစ်ကျော်ကျော်လောက်ပုသိမ်မှာနေခဲ့တယ်လေဗျာ…
ဘာဖြစ်လို့လဲ!အေး..ဒါဆိုဒီမှာပုသိမ်ကတစ်ယောက်ကနင်နဲ့စကားပြောချင်လို့တဲ့..နင့်ကိုသူသိ
တယ်လို့လည်းပြောတယ်.သူ့နာမည်က………တဲ့…ဟုတ်လား..ကျနော်တော့မသိဘူးထင်တာဘဲ.


ဒါပေမယ့်စကားပြောကြည့်မယ်လေ…ဟဲလို.အကိုကကို…..မဟုတ်လား အကိုတောခိုသွား
တုန်းက ကို….ရယ် ကို…..တို့နဲ့အတူတူမဟုတ်လား! အေးဟုတ်တယ်လေညီလေးရာ..ဒါနဲ့မင်း
ကအကို့ကိုသိလို့လားလို့ကျနော်ကသူ့ကိုမေးလိုက်တော့..အကိုကလည်းအရေးအခင်းတုန်းက
အကိုတို့ပုသိမ်ကမထွက်ခင်မှာ ကျနော်တို့အိမ်မှတောင်အိပ်သွားခဲ့သေးတာဘဲ.တံတားကြီး
လမ်းက ဦး……တို့ဘေးအိမ်ကကျနော်တို့အိမ်ပေါ့..အကိုအဲဒီတံတားကြီးလမ်းက ဦး…….ကို
မှတ်မိတယ်မဟုတ်လား…ကျနော်စိတ်ထဲမှာကတော့ဇဝေဇဝါရယ်ပါ..အပြေးအလွှားနဲ့လွန်ခဲ့
တဲ့အနှစ်နှစ်ဆယ်ကျော်ကိုပြန်တွေးကြည့်လိုက်မိမှခပ်ရေးရေးပြန်ပေါ်လာတဲ့ပုံရိပ်တချို့ကို
အပြေးအလွှားတစ်စစီလိုက်ကောက်ကြည့်ပြီးမှဘဲ..အေးအေးမှတ်မိပြီ..ဒါနဲ့မင်းကဘယ်တုန်း
က အမေရိကားကိုရောက်လာတာလဲ.ပြီးတော့ဘယ်တုန်းကမြန်မာပြည်ကထွက်လာတာလဲ.
ဘယ်ကနေပြီးအမေရိကားကိုရောက်လာတာလဲ..စသဖြင့်..စသဖြင့်..မေးခွန်းပေါင်း
သောင်းခြောက်ထောင်လောက်ကိုမေးလိုက်ပြီးမှ တစ်ဖက်ကညီလေးကိုအားနာသွားပြီး.ဟဲဟဲ
ဆောရီးညီလေးရာ.အင်တာဗျူးမေးသလိုမေးခွန်းတွေများသွားပြီလို့ပြောလိုက်တော့.သူကရပါ
တယ်အကိုရာ.ကျနော်ထိုင်းကိုအရင်ရောက်တာ နို့ဘိုးဒုက္ခသည်စခန်းမှာနေပြီးမှ.အမေရိကား
ကိုရောက်တာ ၇လလောက်ဘဲရှိသေးတယ်.ပထမရောက်ခါစတုန်းကတော့ဆူရှီလိပ်တယ်.အခု
လောလောဆယ်ကတော့ဘာမှမလုပ်တော့ဘူး.ပုသိမ်ကထွက်လာတာတော့ကြာပြီပေါ့ဗျာ.


ကျနော် ”သစ်ကောင်းအိမ်” ဆိုတဲ့ကလောင်နဲ့ကဗျာတွေရေးပါတယ်အကို…”ဟာ..သစ်ကောင်း
အိမ်
ဆိုတာမင်းလား..ညီလေးကဗျာတွေကိုအကိုကြိုက်တယ်ကွ.အေးတချို့အကို့သူငယ်ချင်း
တွေပြောပြလို့မင်းက ပုသိမ်ကဆိုတာတော့သိတယ်.ဒါပေမယ့်လူချင်းတစ်ခါမှမမြင်ဘူးသေး
တစ်ခါမှအခုလိုစကားမပြောဖူးသေးတော့ မင်းဘယ်သူဘယ်ဝါဆိုတာအကိုလည်းဘယ်သိပါ့
မလဲကွာ.အေးကွာဝမ်းသာပါတယ်.အကိုမင်းကဗျာတွေကိုမကြာမကြာဖတ်ရပါတယ်.မင်းရဲ့
ဘလော့ကိုတောင်လာလည်ကြည့်ပြီးစီဘောက်စ်မှာတောင်စာရေးထားခဲ့သေးတာ.ဟုတ်တယ်
အကိုအဲဒီဘလော့ကတော့ကျနော်အမေရိကားရောက်ပြီးမှ ဒီက ကိုဇာနည်ဝင်း လုပ်ထားပေး
တာ လောလောဆယ်တော့ကျနော်လည်းဘာမှဆက်မလုပ်နိုင်သေးဘူး သေသေချာချာလေ့
လာရဦးမှာ..ဒါနဲ့အကိုကရောဘာတွေလုပ်နေလဲ.နောက်ပြီးအကိုနဲ့အတူတူပုသိမ်ကထွက်လာ
တဲ့ကိုအောင်ခိုင်မြင့်ကရောဘယ်မှာလဲ..ဘာတွေလုပ်နေလဲဆိုပြီးကျနော့်ကိုသူကပြန်ပြီးအင်
တာဗျူးမေးခွန်းတွေမေးသလိုမေးပြန်ပါတော့တယ်..အောင်ခိုင်မြင့်က ကနေဒါမှာ သူလည်းဘ
လော့တစ်ခုလုပ်ထားတယ်.မင်းရဲကျော်စွာ ဆိုတဲ့နာမည်နဲ့ကဗျာတွေရေးတယ်လေ.သူကတော့


http://8888newgeneration.blogspot.com/ ဆိုတဲ့နာမည်နဲ့သူ့ဘလော့မှာသတင်းတွေအများဆုံး
တင်တယ်။ အကိုကတော့လောလောဆယ် ဖော့ဝိန်းမှာဘဲနေတယ်.အေဂျင်စီတစ်ခုမှာအလုပ်
လုပ်ပြီး ကဗျာလေးဘာလေးရေးပြီးဘလော့တစ်ခုပေါ်မှာအဲဒီကဗျာတွေတင်တယ်ဆိုပါတော့..
ဆောင်းယွန်းလ ဆိုတဲ့နာမည်နဲ့ပေါ့ကွာ…ဟာ..အကိုက ဆောင်းယွန်းလ လား!ဆိုပြီးသူကဒီ
တစ်ခါအံ့ကြနေပြန်ပါတယ်.ကျနော်အကို့နာမည်ကိုသိနေတာကြာပြီ.ဘယ်သူဘယ်ဝါမှန်းသာ
သိမနေခဲ့တာ..အေး..ဒါနဲ့အကိုတို့ပုသိမ်ကထွက်လာခဲ့တုန်းကနောက်တစ်ယောက်ကအခုဗမာ
ပြည်ပြန်ရောက်သွားပြီး လူအိမ် ဆိုတဲ့ကလောင်နဲ့ကဗျာတွေရေးနေတယ်လို့ကြားတယ်.ဟုတ်
လားကွ! လို့ ကျနော်ကသူ့ကိုပြန်မေးလိုက်တော့…ဟုတ်တယ်အကို...ကို……က လူအိမ် ဆိုတဲ့
ကလောင်နဲ့ကဗျာတော်တော်များများကိုမဂ္ဂဇင်းတချို့မှာရေးနေတယ်လေ..အေးကွာ.အကိုတို့
အားလုံးလည်းသူ့ကိုသတိရနေပါတယ်ကွာ.ဘယ်တော့မှပြန်ဆုံနိုင်ကြမယ်မသိပါဘူး.ဒီလိုနဲ့ဘဲ
သစ်ကောင်းအိမ် နဲ့ကျနော်အလာပသလာပတွေပြောနေကြရင်း ကျနော်ကသူ့ကို ”မင်းအားရင်
အကိုတို့ဖော့ဝိန်းကိုလည်းလာလည်ဦးလေကွာ.တို့အေးအေးဆေးဆေးတွေ့ပြီးစကားတွေအ
များကြီးပြောကြတာပေါ့” လို့ ပြောလိုက်တော့ ကျနော်ကြိုးစားပြီးလာခဲ့ပါ့မယ်လို့ကျနော့်ကိုပြန်
ပြောပါတယ်..အေးအေးနောက်ပြီးအကို့ဖုန်းနံပါတ်လည်းယူထားပြီးနောင်လည်းဖုန်းတွေဘာ
တွေဆက်လိုက်လေကွာလို့ကျနော်ကသူ့ကိုပြန်ပြောလိုက်ပါတယ်..ဒီမှာဘဲဖုန်းကပြတ်သွားပြီး
ကျနော်တို့စကားစပြတ်သွားပါတော့တယ်..

သစ်ကောင်းအိမ် နဲ့ဖုန်းထဲမှာစကားပြောပြီးသွားတဲ့အခိုက်အတန့်ခဏတာမှာ ကျနော့်ခေါင်းထဲ
မှာ အတွေးများစွာနဲ့ချာချာလည်နေပါတော့တယ်..ကျနော်တွေးမိနေတာတွေကတော့………
သစ်ကောင်းအိမ် တို့လိုကျနော်တို့ဗမာပြည်ကနေတောခိုလာတုန်းက ကျန်ခဲ့ကြတဲ့လူငယ်တွေ
ကကျနော်တို့ဘယ်တော့အောင်ပွဲခံပြီးပြန်လာကြမယ်ဆိုတာကိုမျှော်တလင့်လင့်နဲ့စောင့်နေရင်း
ကျနော်တို့ပြန်မလာနိုင်ကြတဲ့အဆုံးမှာ သူတို့ကိုယ်တိုင်တိုင်းတပါးကိုထွက်လာကြရင်းလက်
တွေ့မှာ သူတို့ကိုယ်တိုင်လည်းနယ်စပ်ကိုရောက်တော့ထင်ထားသလိုဘာမှမလုပ်နိုင်ကြတော့
တဲ့အဆုံးမှာ တတိယနိုင်ငံတွေကိုဒုက္ခသည်အဖြစ်ခံယူရင်းထွက်လာခဲ့ကြရတဲ့မျိုးဆက်သစ်လူ
ငယ်တွေဘယ်လောက်တောင်များခဲ့ပြီလဲ! နောက်ပြီးတော့သူတို့လူငယ်တွေရဲ့စိတ်ထဲမှာ


ကျနော်တို့တောခိုလာခါစကနယ်စပ်မှာ ပြည်ချစ်ဟောင်းတွေကိုတွေ့ရင် သူတို့ညံ့ခဲ့ကြလို့ ငါတို့
အခုလိုတောခိုလာရပြီးမပြီးဆုံးသေးတဲ့တော်လှန်ရေးတစ်ရပ်ကိုဆက်ပြီးဆင်နွှဲနေကြရတာပေါ့
လို့များတွေးနေကြဦးမှာလား! အဲဒီတုန်းကတော့ကျနော်တို့စိတ်ထဲမှာ သူတို့တတွေအဆုံးမ
သတ်နိုင်ခဲ့ကြလို့ပေါ့.ငါတို့ခေတ်မှာတော့တော်လှန်ရေးအောင်ရမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့
တိုက်ပွဲတွေဝင်လာခဲ့ကြတာ အခုဆိုရင် အနှစ်နှစ်ဆယ်တောင်ကျော်လာခဲ့ပါပြီပေါ့.ရွှေပြည်
တော်ကြီးကတော့မျှော်လေဝေးလေဖြစ်လာခဲ့ရရင်း ကျနော်ကိုယ်တိုင်တောင် တတိယနိုင်ငံမှာ
အကွဲကွဲအပြဲပြဲအလူးလူးအလဲလဲဘဝတွေနဲ့ရင်ဆိုင်နေရလေပြီမဟုတ်ပါလား….နောက်ထပ်
အနှစ်နှစ်ဆယ်မှာဘာတွေထပ်ဖြစ်လာဦးမှာလဲ..ဒီလိုဘဲဇာတ်မြောကြီးထဲမှာဘဲသံသရာမဆုံး
မချင်းတဝဲဝဲလည်နေကြရဦးမှားလား..နောက်ထပ်မျိုးဆက်သစ်ပေါင်းဘယ်နှစ်ဆက်ထပ်ပြီး
ဒီသံသရာဝဲဂယက်ထဲမှာလည်ပတ်ကြရဦးမှာလဲ…ဘာကြောင့်ငါတို့တော်လှန်ရေးကြီးခုထိအ
ဓွန့်ရှည်နေခဲ့ရတာလဲ..ငါတို့တတွေကဘဲသိပ်ညံ့နေကြတာလား..ဒါမှမဟုတ် စစ်အုပ်စုကဘဲ
သိပ်ပြီးတော်နေတာလား..စတဲ့အတွေးတွေကတစ်ရစ်ပြီးတစ်ရစ်နဲ့ ကျနော့်ရဲ့ခေါင်းထဲမှာအ
တွေးသံသရာလည်နေပါတော့တယ်……။

ဒို့ခေတ်ရောက်မှ ညံ့ကြရတော့မှာလား
ဒီစကားတွေထဲမှာဘဲ
တဝဲဝဲသံသရာလည်ရင်း
ပြက္ခဒိန်အဟောင်းအမြင်းတွေကိုဆွဲဖြဲ
သွေးတွေရဲလာခဲ့လိုက်ကြတာ
အနှစ်နှစ်ဆယ်တောင်ကြာလာခဲ့ပေါ့….

လူငယ်ဆိုတော့
ခေါင်းမော့ ရင်ကိုကော့
ပေါ့ပေါ့ပါးပါးတွေးခေါ်
စိတ်ကူးတွေပေါ်မှာတိုက်ပွဲတွေပုံဖော်ခဲ့ရင်း
မြစ်များစွာပေါ် ဖြတ်သန်းစီးဆင်းခဲ့ကြ
ခုတော့ အနှစ်နှစ်ဆယ်ကို ပြန်မရနိုင်တော့ဘူး…

ထိရှခဲ့ရရင်း
တိုးတိုက်ခဲ့ရရင်း
၃၁ဘုံတွင်းမှာ ကျင်လည်လာခဲ့ရလေသော
လူသားကျွန်ူပ်
အမှားတွေထဲမှာဘဲ ပွဲထုတ်ခံရခဲ့လို့လား
ခုများတော့ ငုတ်တုတ်
ဘုတ်အုပ်ကိုလှန်ရင်း
သက္ကရာဇ်မျဉ်းတွေပေါ်မှာ ထွန်ယက်
အနှစ်နှစ်ဆယ်တွေရဲ့ တစ်မနက်မှာ
နောက်အနှစ်နှစ်ဆယ်စာကို တွေးနေရရှာပေါ့….။

12 comments:

ပျူနိုင်ငံ said...

ဒီလိုဘဲ ကြိုးစားကြတာပေါ့ အကိုရေ၊ ကဗျာလေးက
ကောင်းတယ်။

Craton said...

အင်း.. တွေးမယ်ဆိုရင်တော့ ရင်မောစရာ ရင်လေးစရာကြီးပါပဲဦးရာ.. ဒီလိုပဲပေါ့ တတ်နိုင်သလောက်တော့ ဆက်လုပ်ကြရမှာပဲ။ အားပေးတယ်...

အောင်သာငယ် said...

တူညီတဲ့ ခံစားချက်တွေပါပဲ ညီရေ့...
တို့တွေ ညံ့ကြတာလဲ တစိတ်တပိုင်းပါမှာပါပဲ...
ကျန်တဲ့ အချက်တွေကလည်း တစိတ်တပိုင်းပေါ့လေ...
၅၀/၅၀ လို့ပဲ စိတ်ထဲမှာ မှတ်ချက်ချထားတယ် ညီရေ့.....

တောရိုင်းနှင်းဆီ said...

ကဗျာလေးကို လာခံစားရင်းနဲ့ .......
အင်း ........ထပ်တူထပ်မျှပါဘဲ ကိုဆောင်းယွန်း ..... ရေ

မမသီရိ said...

သမိုင်းဆို တာ...နှစ်ပေါင်း ၂၀ နဲ့..ပြောင်းလို့ ရမယ် မယ်လို့... မျှော်လင့်ချက် ကြီး နဲ့..စိတ်မပျက် သင့် သလို..
နောက် ပေါင်း ၂၀ ရယ် လို့ လဲ...အားမလျှော့ သင့်ဘူး ထင် တာပဲ...
တို့ အားလုံး ရဲ့...တာဝန် က...Be Ready & Be Alert
လေ......
ကြက်ဥအရောင်..တိမ်တောင်သဖွယ်....ဆိုတဲ့အတိုင်း...အားလုံး ရဲ့ ဆန္ဒတွေ ထပ်တူကျမဲ့ အချိန် တစ်ချိန် ဟာ..တို့တွေနဲ့..အနီးဆုံး မှာ ရှိမနေဘူး လို့ ဘယ်သူ ပြောနိုင်မလဲ.....
ဆရာ လုပ်တာ မဟုတ် ဘူးနော်..
တချိန်လုံး ပဲ..စိတ်ပျက်နေရင်..ရှေ့ ကို ဘယ်လို ဆက်လျှောက် ကြမလဲ....

Nyein Chan Aung said...

ကဗျာကောင်းတယ်ကိုဆောင်း။ ကိုဆောင်းလက်က ကြာလေကောင်းလေပဲဗျာ။ ကျနော့်ကွန်ပြူတာ ဗိုင်းစ်ရပ်ထိသွားလို့ မရောက်ဖြစ်ဘူး။ အမေရိကားဗိုင်းစ်ရပ်က ပိုပြင်းသလားမသိဘူး။ မဖတ်ရသေးတဲ့ ကဗျာတွေ ဖတ်သွားတယ်။ ခင်မင်စွာဖြင့်..

လူသစ် said...

ကြောင်ဖါးတွေ၊ အစွန်းရောက်တွေကိုလဲ ထည့်တွက်ရမှာပေါ့ဗျာ

pandora said...

အနှစ်နှစ်ဆယ်တွေရဲ့ တမနက်မှာ
နောက်အနှစ်နှစ်ဆယ်စာကို တွေးနေတာကပဲ တော်လှပါပြီ။ ဆက်တွေးရင်း ဆက်လျှောက်ကြတာပေါ့။

အိုင်လွယ်ပန် said...

တွေးနေသမျှ ရင်ဘတ်ထဲရှိနေသမျှ
အိပ်မက်ဆိုတာ အရောင်မမှိန်တတ်ပါဘူး
အစ်ကိုရေ .......

လေးစားခင်မင်လျှက်

ဒူကဘာ said...

ဂဏန်းလို လွယ်အိတ်လို လူတွေ တော်လှန်ရေးမှာလဲ အများသားလား? ငါကိုယ်တိုင်လဲ စောင်းငန်း စောင်းငန်း နဲ့ပဲလေ .... တို့တော်လှန်ရေးက ထူးဆန်းတယ် ကမ္ဘာတော်လှန်ရေးက သူဋ္ဌေးတွေ ပညာတတ်တွေ လူ့ဘဝထဲ ခုန်ဆင်း ဝင်လာခဲ့တယ်၊ တို့တော်လှန်ရေးက လူမွဲကြောင်ဖါးတွေ နိုင်ငံရေးလုပ်ပြီး ချမ်းသာသွားကြတယ် အဲဒီမှာ ကတဲက ပွဲ ပြတ်နေပြီ၊ အားနာလို့ ရန်သူ့အားရ မဖြစ်အောင် မပြောကြပေမဲ့ အနှစ် ၂၀ဆိုတာ သန်း၆၀ လူထုရဲ့ နိစ္စဓူဝ ... နဲတဲ့ ဒုက္ခတွေနဲ့ နေ့စဉ် သီကုံးထားလေ ရော့သလား? အို ... အသင် ! ရဲဘော်...။

မေ့သမီး said...

အစ်ကိုရေ ညီမမသိမမီလိုက်တဲ့ကာလတစ်ခုဖြစ်ပေမယ့် ပြန်ကြားရတိုင်းမှာ ကျဆုံးသွားတဲ့လူငယ်တွေ၊ တော်လှန်ရေးအတွက် အနာဂါတ်ပျောက်သွားရတဲ့ လူငယ်တွေအားလုံးအတွက်စိတ်မကောင်းဖြစ်ရတယ်။ ဘယ်တော့များ ငါတို့ဘက်ကအနိုင်ရပါ့မလဲလို့တွေးမိ တာလည်းအကြိမ်ကြိမ်ပဲ။ ငါတို့အသက်ရှင်နေတုန်းမှာ ဒီအခြေအနေတွေပြောင်းလဲပါ့မလားလို့လဲခဏခဏ တွေးမိတယ်။ စတေးလိုက်ရတာတွေကသိပ်များနေပြီ။

ကောင်းကင်ကို said...

အစ်ကိုနဲ့ ထပ်တူ ခံစားသွားတယ် အစ်ကိုရာ။