”မှန်တချပ်အပေါ်ထားမိတဲ့ သံယောဇဉ်”
ပလေတိုရဲ့ မှန်ကိုလည်း
ရိုက်မခွဲရဲခဲ့ပါဘူး
ကိုယ့်ဒူးနဲ့ ကိုယ်လျှောက်ရင်း
ကိုယ့်လေသာ ပြတင်းပေါက်မှာ
လတစင်းလောက် သာစေဖို့တွက်တော့
မျက်စိနှစ်ဖက်ထဲမှာ ဒီဂရီတချို့ကိုသွင်း
ပန်းခင်းထဲ လမ်းဆင်းလျှောက်ခဲ့ဖူးပါတယ်…
သတ္တကမ္ဘာမှာ
အဗ္မုတရသတွေကများသလောက်
ကိုယ့်ခြေထောက်တွေက
ကိုယ့်မျက်စိအောက်က ပျောက်ဆုံးသွားတဲ့အခါ
ဘယ်ထုံးနဲ့မူရမှန်းမသိနိုင်ခဲ့တဲ့ နှလုံးသား
ပင်လယ်ရပ်ခြားတနေရာမှာလည်း အပျင်းဖျားခဲ့ဖူးပါတယ်….
လူတကာပွင့်အံထွက်သမျှ စကား
တခါတလေ နားအဟောင်းနဲ့ကြားပြီး
တခါတလေမှာတော့
နှလုံးသားအကောင်းနဲ့ ကြားခဲ့မိပါတယ်….
နားရှိသ၍
နှလုံးသားရှိသ၍
တစုံတခုပေါင်းများစွာကို
ကြားသိ ခံစားနေနို်င်သေးသလို
ယုံတမ်းစကားဟောင်းတွေထက်
ကိုယ့်လက်ဖျံနှစ်ချောင်းကို
သတင်းကောင်းဖြစ်အောင် ဖန်ဆင်းနိုင်ခဲ့ဦးမယ်ဆိုရင်…
အသင်.လောက
ကျုပ်ဘယ်ကောင်းကင်ဘုံကိုမှ မရောက်ချင်သေးဘူး
ကိုယ့်တရားဦးကို ကိုယ်ပိုင်နားနဲ့ကြားပြီး
ကိုယ်ပိုင်နှလုံးသားနဲ့ နာခံလိုက်ချင်သေးတယ်…။
Tuesday, April 21, 2009
Posted by ဆောင်းယွန်းလ at 8:20 PM
Subscribe to:
Post Comments (Atom)
13 comments:
နှလုံးသား အကောင်းနဲ့ ကြားခဲ့တဲ့စကားတွေကိုပဲ ကိုယ့်တိုင်အတွက်ရော၊ ကိုယ်ချစ်ခင်သူ၊ မိတ်ဆွေတွေ အတွက်ပါ သိမ်းဆည်းမျှဝေပေးပါတော့။
ကျန်တာတွေကတော့ ရှိစေတော့...
နှလုံးသားအကောင်းနဲ့
ကြားခဲ့မိတယ်
ကြားခဲ့မိပါတယ်......
...............
mnhy
ဝိဘဇ္ဇ ၀ါဒီတွေအတွက်
ကိုယ့်တရားဦးကို ကိုယ်ပိုင်နားနဲ့ကြား
ကိုယ်ပိုင်နှလုံးသားနဲ့ နာခံလို့ရမှာပါ အစ်ကိုရေ
အဟေးဟေး
လေးစားချစ်ခင်လျက်
ကိုရင်ညိန်း
အကိုဆောင်းယွန်း..
ဘယ်ကောင်းကင်ဘုံမှ မရောက်ချင်သေးတာ
အမှန်ဘဲ... ရွှေရောင်တွေ တောက်မဲ့ နေ့လေးတွေတော့ ခံစားချင်သေးတယ်..
သိပ်လေးနက်တဲ့ ကဗျာလေးပါ..
လေးစားခင်မင် ချစ်ခြင်းများစွာဖြင့်..
'ကိုယ့်ခြေထောက်တွေက
ကိုယ့်မျက်စိအောက်က ပျောက်ဆုံးသွားတဲ့အခါ
ဘယ်ထုံးနဲ့မူရမှန်းမသိနိုင်ခဲ့တဲ့ နှလုံးသား'
စကားလုံးတိုင်းကို နှစ်သက်တယ်။
“တခါတလေ နားအဟောင်းနဲ့ကြားပြီး
တခါတလေမှာတော့
နှလုံးသားအကောင်းနဲ့ ကြားခဲ့မိပါတယ်….”
ဟုတ်တယ်အစ်ကို...နားအဟောင်းနဲ့ကြားနေရတာ စကားတွေကလည်း အဟောင်းတွေပါပဲလေ..။
အသင်.လောက
ကျုပ်ဘယ်ကောင်းကင်ဘုံကိုမှ မရောက်ချင်သေးဘူး
ကိုယ့်တရားဦးကို ကိုယ်ပိုင်နားနဲ့ကြားပြီး
ကိုယ်ပိုင်နှလုံးသားနဲ့ နာခံလိုက်ချင်သေးတယ်..
ကိုယ့် တရား..ကိုယ်စီရင်နိုင်ဖို့ ...........
အကိုရေ...ဖတ်သွား..တွေးသွားတယ်...
အသင်.လောက
ကျုပ်ဘယ်ကောင်းကင်ဘုံကိုမှ မရောက်ချင်သေးဘူး
ကိုယ့်တရားဦးကို ကိုယ်ပိုင်နားနဲ့ကြားပြီး
ကိုယ်ပိုင်နှလုံးသားနဲ့ နာခံလိုက်ချင်သေးတယ်…။
နှစ်ခြိုက်စွာ ဖတ်သွားပါတယ် ကဗျာဆရာရေ..။
ကဗျာကိုနှစ်ခြိုက်စွာ ဖတ်ရူသွားပါတယ်။ အားပေးလျက်ပါ။ အလုပ်တွေများနေလို့ မရောက်ဖြစ်တာ
များရှိရင် ခွင့်လွှတ်ပါ ကိုဆောင်းရေ။
ကဗျာတွေကတော့ လန်းတယ်ရှင်
တခါတလေ နားအဟောင်းနဲ့ကြားပြီး
တခါတလေမှာတော့
နှလုံးသားအကောင်းနဲ့ ကြားခဲ့မိပါတယ်….
ဒီစာသားလေးတော့ တော်တော်ကြိုက်မိတယ် အစ်ကိုရေ..။ ကဗျာတစ်ပုဒ်လုံးကတော့ ဟိုတစ်ခေါက် ကော်မန့်ရေးခဲ့သလိုပဲ :)
ကျုပ်ဘယ်ကောင်းကင်ဘုံကိုမှ မရောက်ချင်သေးဘူး
ကိုယ့်တရားဦးကို ကိုယ်ပိုင်နားနဲ့ကြားပြီး
ကိုယ်ပိုင်နှလုံးသားနဲ့ နာခံလိုက်ချင်သေးတယ်…။..
မိုက်တယ် ကိုဆောင်း.. ကျနော်တို့ကိုလည်း အဲဒီတရားလေးဟောသွားဦးနော်။
မဖတ်ရသေးတဲ့ကဗျာတွေဖတ်သွားတယ် .. ဒီကဗျာကိုတော့ အကြိုက်ဆုံးပဲ .. အရေးအသားကောင်းသလို စကားလုံးလည်း အားကောင်းတယ် ... ဖွဲ့ဆိုနိုင်မှုစွမ်းအားနဲ့ပြည့်ဝပြီး
ဆန်းသစ်တယ်ဗျာ
Post a Comment