Monday, April 26, 2010

”ဂျူလီယာမဖတ်ခဲ့ရသေးတဲ့ ကဗျာ”

ငါ့ဝါကျနဲ့ ငါ
နင်မမြင်သာတဲ့ ဒဏ်ရာတွေရခဲ့ဖူးပါရဲ့....

ရင်ခုန်တတ်ရုံ ရှင်သန်နေတဲ့
နင့်ရဲ့ နှလုံးသားတစုံနဲ့
ငါ့သတ်ပုံတွေကို ဖွင့်မဖတ်ကြည့်ပါနဲ့ ဂျူလီယာ..

ဆည်းလည်းမပွင့်တဲ့ မနက်ခင်းတွေကို
ကာရန်ကြိုးတွေနဲ့ ဖွဲ့သီလို့မရနိုင်ခဲ့တာ
နင်သိခဲ့ပါရဲ့လား ဂျူလီယာ!…

ခေါင်းလောင်းမထိုးတဲ့ ညနေမျိုးကို
သံစဉ်တွေနဲ့ ဆေးဆိုးလို့မရနိုင်ခဲ့တာ
နင်သိခဲ့ပါရဲ့လား ဂျူလီယာ!….

နင်မရောက်နိုင်ခဲ့တဲ့ တောနက်တနေရာက
ငြိမ်းချမ်းရေးဆာလောင်နေတဲ့ စမ်းချောင်းလေးထဲမှာ
နင်မဖတ်ခဲ့ရတဲ့ ကဗျာတပုဒ်ရှိခဲ့ဖူးပါတယ် ဂျူလီယာ…

နင်ကိုယ်တိုင် ဘာသာမပြန်နိုင်ခဲ့တဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ထဲက
ပွတ်ရှကင်ရဲ့ ဒုတိယလူဟာ
ကျည်မပါတဲ့သေနတ်ကို ကိုင်ထားခဲ့တာပါ ဂျူလီယာ…

ဂျူလီယာရေ..
ကောင်မလေးရဲ့..
နင့်မြို့ပြညနေ ရှုခင်းအသေတွေကို ရေချိုးပေးဖို့
ငါ့ကောင်းကင်မှာ ငွေ့ရည်ဖွဲ့နေရတုန်းပဲကွဲ့....

သေချာတယ် ဂျူလီယာ
ဒါဟာ.နင်မဖတ်ခဲ့ရသေးတဲ့ ကဗျာတပုဒ်ပဲဖြစ်တယ်...။ ။

7 comments:

လင်းခေတ်ဒီနို said...
This comment has been removed by the author.
လင်းခေတ်ဒီနို said...

ရင်ခုန်တတ်ရုံ ရှင်သန်နေတဲ့
နင့်ရဲ့ နှလုံးသားတစုံနဲ့
ငါ့သတ်ပုံတွေကို ဖွင့်မဖတ်ကြည့်ပါနဲ့ ဂျူလီယာ..


း)
ကျွန်တော် ယူသွားပီး ဒီစကားလုံးလေးး)

အပေါ်က ဖျက်တာ အနော်ပါဗျ . . . ဘောက် မှားရိုက်မိလို့ . . .

မယ့်ကိုး said...

ဒီလိုကဗျာလေးတွေလည်း ကြိုကြားရေးပါဦး အစ်ကို ကြိုက်လို့ပါ။

ဒဏ္ဍာရီ said...

အကို့ ကဗျာတွေ မဖတ်ရတာကြာတော့ ဘယ်အချိန်းလာဖတ်ဖတ် ကဗျာတွေက ရသအပြည့်နဲ့ပဲ အကို...

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

နှင်းဟေမာ said...

အစ်ကိုရေ...
ကဗျာလေး ကောင်းတယ်ဗျို့ ...
ဘယ်လို ရသမျိုးရေးရေး ကောင်းနေတာပဲး)
မမကိုး ပြောသလိုပဲ ဒီလိုကဗျာလေးတွေလဲ ဆက်လက်ရေးသားဖို့ တိုက်တွန်းပါတယ်
ခင်မင်လေးစားလျှက်
ညီမလေး နှင်း

ကိုချစ်ဖေ said...

ဲငြိမ်းချမ်းရေးဆာလောင်နေတဲ့ စမ်းချောင်း....ဟုတ်တယ်ဗျာ..စာသင်ခန်းပျောက်နေတဲ့ ကလေးလေးတွေနဲ့ ဆရာ ဆရာမလေးတွေ.ရုတ်တရက်ပြာကျသွားခဲ့ရတဲ့ ဇာတိရွာလေးတွေ..အဲ့ဒီကဗျာတွေ..အဲ့ဒီမှာ..

ဏီလင်းညို said...

ကိုဆောင်းရေ......
အရိုးသားဆုံးပြောပါတယ်......။
ကဗျာလေးကို....... ညီနားလည်သလိုခံစားသွားတယ်ခင်ဗျာ.........။
ဒါပေမယ့်......ကျန်ခဲ့တယ်..... တစ်ခုခုလေ...... ရင်ထဲမှာ....။

ခင်မင်လေးစားနေတဲ့
ညီ.....
ဏီလင်းညို