Monday, December 7, 2009

”လက်မောင်းသွေးနဲ့ရေးတဲ့ ယုံကြည်ချက်စာမျက်နှာ”

ဟောဒီ သွေးအစက်စက် ထွက်နေခဲ့တဲ့
အတိတ်နာ ဒဏ်ရာဒဏ်ချက်တွေက
ဆေးမြီးတိုနဲ့ ကုလို့မရနိုင်မှန်း
ပျောက်စေဆရာသမားတွေနဲ့ ကုလို့မရနိုင်မှန်း
သေချာတယ်ဆိုတာထက် ပိုပြီးသေချာနေခဲ့တာကြာပြီ။

အခု….
ငါ့ရင်ဘတ်တခုလုံးမှာ
မြည်သံစွဲလကာင်္နဲ့ ဝုန်းဒိုင်းကျဲနေတဲ့ အသံတွေက
”အိမ်ပြန်ချင်တဲ့ အလွမ်း” တေးတပုဒ် မဟုတ်သလို
”အမေ့ကို လွမ်းတဲ့ည” ကဗျာတပုဒ်လည်း မဟုတ်ဘူး
ပစ္စုပ္ပန်တခုလုံးကို မိုးချုပ်ခံထားရပြီး
အနာဂတ်တခုလုံးကို ဆွဲဆုတ်ခံထားရတဲ့ တိုင်းပြည်အသေအတွက်
အမှန်တရားလက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်လို့
စကြာင်္ဝဠာလုံးပြည့် မုသာဝါဒတွေကို တောထုတ်မယ့် အသံတွေဖြစ်တယ်။

ဒီပွဲမှာ …
မိမိကိုယ်မိမိ ”မသိခြင်း”များရဲ့ ကြိုးတန်းပေါ်မှာ
စကားထာဝှက် လမ်းလျှောက်ထွက်နေကြတဲ့ သူတွေနဲ့
လမ်းခွဲဖို့အတွက် ဝန်မလေး ဝမ်းမနည်းတတ်တော့သလို
ပြိုမယ့်မိုးကိုလည်း တွေးမကြောက်တတ်တော့ပါဘူး။

ရင်ဘတ် မျက်နှာကျက်အပေါ်မှာ
သံလိုက်လို ကပ်ပါခဲ့ဖူးတဲ့ ယုံကြည်ချက်တွေကို
ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေနဲ့အတူ
အတ္တအလံထူတဲ့ အရပ်မှာ ဘယ်ဈေးနဲ့မှ ရောင်းမစားနိုင်ဘူး။

အမှောင်စိတ်ကို အလင်းစိတ်နဲ့
တိတ်တဆိတ် ပြန်မျှားနေခဲ့ရတဲ့ နေ့ရက်တွေမှာတောင်မှ
ဘယ်လိုဓားသွားထက်က ပျားရည်စက်မျိုးကိုမှ တပ်မက်မှု လျှာနဲ့ မလျက်ခဲ့ပါဘူး။

တာထွက်ခဲ့ချိန်ကစပြီး ပန်းဝင်ချိန်ရောက်တဲ့အထိ
ကိုယ့်အသိတရားနဲ့ ကိုယ်လှော်ခတ်ရင်း
ရွှေပြည်တော်လွမ်းချင်း ဇာတ်သိမ်းခန်းအတွက်
နောက်ဆုံးထွက်သက်ထိပဲ နွှဲရနွဲရ
နောက်တန်းတနေရာကနေ သဘာဝကျကျနဲ့ ဆက်ကမယ်။

ဘဝကို တစချင်းဖဲ့ခြွေပေးရင် ပေးရပါစေ
အမှန်တရားအတွက် တော်လှန်နေရသမျှ
ကျေနပ် နေတတ် သေတတ်သွားနိုင်မယ့် တသက်တာမှာ
ဘဝတူတွေရဲ့ ဒဏ်ရာကို ဘယ်တော့မှ နင်းမတက်ဘူး
နှစ်များရဲ့ အဆုံးလမ်းအထိ ယုံကြည်ချက်မျက်စိနဲ့ ရှေ့ကိုရဲရဲကြည့်မယ်။ ။

12 comments:

ဗညားရှိန် said...

ငါ့ရင်ဘတ်တခုလုံးမှာ
မြည်သံစွဲလကာင်္နဲ့ ဝုန်းဒိုင်းကျဲနေတဲ့ အသံတွေက
”အိမ်ပြန်ချင်တဲ့ အလွမ်း” တေးတပုဒ် မဟုတ်သလို
”အမေ့ကို လွမ်းတဲ့ည” ကဗျာတပုဒ်လည်း မဟုတ်ဘူး
ပစ္စုပ္ပန်တခုလုံးကို မိုးချုပ်ခံထားရပြီး
အနာဂတ်တခုလုံးကို ဆွဲဆုတ်ခံထားရတဲ့ တိုင်းပြည်အသေအတွက်
အမှန်တရားလက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်လို့
စကြာင်္ဝဠာလုံးပြည့် မုသာဝါဒတွေကို တောထုတ်မယ့် အသံတွေ
း))))))

့hnin said...

တာထွက်ခဲ့ချိန်ကစပြီး ပန်းဝင်ချိန်ရောက်တဲ့အထိ
ကိုယ့်အသိတရားနဲ့ ကိုယ်လှော်ခတ်ရင်း
ရွှေပြည်တော်လွမ်းချင်း ဇာတ်သိမ်းခန်းအတွက်
နောက်ဆုံးထွက်သက်ထိပဲ နွှဲရနွဲရ
နောက်တန်းတနေရာကနေ သဘာဝကျကျနဲ့ ဆက်ကမယ်................လေးစားရပါတယ် အစ်ကို ....
ကဗျာလေးက ကြမ်းတမ်းသလိုထင်ရပေမယ့် သိမ်မွေ့လှပပါတယ် .....
ခင်မင်လေးစားလျှက်
ညီမလေး နှင်းဟေမာ

သိင်္ဂါကျော် said...

“ဘဝကို တစချင်းဖဲ့ခြွေပေးရင် ပေးရပါစေ
အမှန်တရားအတွက် တော်လှန်နေရသမျှ
ကျေနပ် နေတတ် သေတတ်သွားနိုင်မယ့် တသက်တာမှာ
ဘဝတူတွေရဲ့ ဒဏ်ရာကို ဘယ်တော့မှ နင်းမတက်ဘူး”

ယုံကြည်ချက်နဲ့ ရှေ့ကို ရဲရဲ လျှောက်နိုင်ဖို့ မျှော်လင့်ပါတယ်..

~ဏီလင်းညို~ said...

ကိုဆောင်းရေ...
အခုမှ လာဖတ်မိတာပါ...။
ကဗျာလေးဖတ်ရင်းနဲ့ ရင်ခုန်သံတွေတောင် မြန်လာသလိုပဲဗျာ...။ တစ်ကယ်ပြောတာပါအစ်ကို...။

ခင်မင်လေးစားစွာဖြင့်

ဏီလင်းညို

Nge Naing said...

မင်္ဂလာပါ။ ကဗျာလာဖတ်သွားပါတယ်။ ခံစားချက်တွေ ပြင်းဆဲပဲနော့်။

ကဗျာဦး said...

တာထွက်ခဲ့ချိန်ကစပြီး ပန်းဝင်ချိန်ရောက်တဲ့အထိ
ကိုယ့်အသိတရားနဲ့ ကိုယ်လှော်ခတ်ရင်း
ရွှေပြည်တော်လွမ်းချင်း ဇာတ်သိမ်းခန်းအတွက်
နောက်ဆုံးထွက်သက်ထိပဲ နွှဲရနွဲရ
နောက်တန်းတနေရာကနေ သဘာဝကျကျနဲ့ ဆက်ကမယ်။

အစ်ကိုဆောင်း
ဘယ်လိုပြောရမှန်းမသိအောင်ကို ကောင်းလွန်းတယ်

မြစ်ကျိုးအင်း said...

ရွှေပြည်တော်လွမ်းချင်း ဇာတ်သိမ်းခန်းအတွက်
နောက်ဆုံးထွက်သက်ထိပဲ နွှဲရနွဲရ
နောက်တန်းတနေရာကနေ သဘာဝကျကျနဲ့ ဆက်ကမယ်။

အဲဒီစာသားအတိုင်း ယုံကြည်ပါတယ်ဗျာ

အိုင်လွယ်ပန် said...

ကဗျာလာခံစားသွားတယ် အစ်ကို :)

ဒဏ္ဍာရီ said...

အမှောင်တွေပြီးရင်တော့ အလင်းတွေ လာမှာပါ အကို။ တာထွက်ချိန်ကစလို့ ပန်းမ၀င်မချင်း မျှော်လင့်ချက်တွေ ရှိပါသေးတယ်။ ကိုယ်ပထမ မရစေနဲ့အုံး ပန်းဝင်ခဲ့တဲ့အထိ ဇွဲနဲ့ ကြိုစားခဲ့ရင် အကိုတို့ ညီမတို့တွေ ဇွဲဆုလေးတော့ ရလောက်မှာပါ။
အကို့ရဲ့ ခံစားချက်တွေကို ဖတ်သွားရင်း အားပေးခဲ့တယ်နော်။

ခင်မင်လေးစားလျှက်

ကိုအောင်(ပျူနိုင်ငံ) said...

မာန်အပြည့်ပါတဲ့ကဗျာလို့ ခံစားမိတယ် အကို၊ အားပေး
လျက်ပါ။

နွေဆူးလင်္ကာ said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။ ရင်ဘတ်ထဲထိသွားတယ်။

မိုးစက်အိမ် said...

ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေနဲ့အတူ
အတ္တအလံထူတဲ့ အရပ်မှာ ဘယ်ဈေးနဲ့မှ ရောင်းမစားနိုင်ဘူး
မှန်တာပေါ့ အစ်ကိုရာ တန်ဖိုးဖြတ်မရဘူးဆို
ကို သက်သေပြလိုက်ပါ . . .